10.10.13

၂၀၂၀ ခုနှစ်တွင် တရုတ်က ထိုင်ဝမ်ကို အင်အားသုံး ကျူးကျော်လာနိုင်ဟုဆို

တရုတ်၏ စစ်လက်နက်အင်အား ဆက်လက် တိုးချဲ့တပ်ဆင်နေမှုများက ၂၀၂၀ ခုနှစ်
 နှစ်ကုန်ပိုင်းတွင် ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်နိုင်မည့် အခြေအနေဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာက သတိပေးထား
၂၀၂၀ ခုနှစ်တွင် တရုတ်က ထိုင်ဝမ်ကို အင်အားသုံး ကျူးကျော်လာနိုင်ဟုဆို
ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း တရုတ်၏ စစ်အင်အား တိုးချဲ့လာမှုက လာမည့် ၂၀၂၀ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်လာနိုင်ဖွယ်ရှိနေကြောင်း စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတစ်ရပ်က ပြောကြားသည်။ တရုတ်နိုင်ငံ၏ နှစ်စဉ် စစ်ရေးအသုံးစရိတ်မှာ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပျမ်းမျှအားဖြင့် ၂ ဆတိုးမြင့်လာခဲ့ကြောင်း ထိုင်ဝမ်၏ ၂၀၁၃ ခုနှစ် အမျိုးသားကာကွယ်ရေး အစီရင်ခံစာက ဖော်ပြသည်။ တရုတ်နိုင်ငံသည် စစ်အင်အား တိုးချဲ့မှုအပြင် စစ်လက်နက် သုတေသနစမ်းသပ်မှုနှင့် ထုတ်လုပ်မှုတွင်လည်း တိုးမြှင့်ဆောင်ရွက်နေရာ ထိုအခြေအနေက ထိုင်ဝမ်အတွက် စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုပင်ဖြစ်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

တရုတ်နိုင်ငံ၏ စစ်လက်နက်အသစ်များတွင် ပြည်တွင်းထုတ်များနှင့် ရုရှားမှ ဝယ်ယူသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၊ ဗုံးကြဲလေယာဉ်များ၊ ကိုယ်ပျောက်တိုက်လေယာဉ်များ ပါဝင်သည်။ ထို့အပြင် လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် များလည်း ပါဝင်ကြောင်း ထိုင်ဝမ်စစ်ဘက်ဆိုင်ရာ အစီရင်ခံစာက ပြောကြား သည်။ တရုတ်၏ စစ်လက်နက်အင်အား ဆက်လက် တိုးချဲ့တပ်ဆင်နေမှုများ က ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်နိုင်မည့် အခြေအနေဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာက သတိပေးထားသည်။

တရုတ်နိုင်ငံ၏ စစ်အင်အား တိုးချဲ့လာမှုက ထိုင်ဝမ်အရေးတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုကိုလည်း ဟန့်တားရန် ရည်ရွယ်ပုံရကြောင်း သုံးသပ်ထားသည်။ အမေရိကန်သည် ထိုင်ဝမ်၏ အဓိကမဟာမိတ်ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် တရုတ်နိုင်ငံက ထိုင်ဝမ်အနီး ပင်လယ်ပြင်အတွင်းသို့ ဒုံးကျည်ပစ်လွှတ်ခဲ့ရာ အမေရိကန်ကလည်း ၎င်း၏ လေယာဉ်တင်သင်္ဘော နှစ်စင်းပါဝင်သည့် ရေတပ်တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုကို အဆိုပါဒေသသို့ စေလွှတ်တုံ့ပြန်ခဲ့သည်။ ထိုင်ဝမ်စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ တရုတ်နိုင်ငံ စစ်တပ်တွင် စစ်သည်နှင့် ထောက်ပံ့ရေးအမှုထမ်း စုစုပေါင်း ၂.၂၇ သန်းရှိပြီး စစ်သည် အရေအတွက်မှာ ၁.၂၅ သန်းရှိကြောင်း သိရသည်။

စစ်သည် အရေအတွက် သုံးပုံတစ်ပုံကို ထိုင်ဝမ်နှင့် မျက်နှာချင်းဆိုင်တွင် အသင့်နေရာချ တပ်စွဲထားသည်။ စစ်ဘက်ဆိုင်ရာ လေ့လာသူများ၏ အဆိုအရ တရုတ်နိုင်ငံသည် ထိုင်ဝမ်သို့ ဒုံးကျည် အနည်းဆုံး ၁,၆၀၀ ခန့်ဖြင့် ချိန်ရွယ်ထားကြောင်း သိရသည်။ တရုတ်၏ စစ်ရေးအရ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ထိုင်ဝမ်သည် ၎င်း၏ စစ်အသုံးစရိတ် ကို လျှော့ချလျက်ရှိသည်။ လာမည့်နှစ်တွင် ထိုင်ဝမ်စစ်သည်အင်အားကို လက်ရှိ ၂၄၀,၀၀၀ မှ ၂၁၅,၀၀၀ သို့ လျှော့ချမည်ဖြစ်သည်။ ထိုင်ဝမ်နှင့် တရုတ်တို့ကြား ဆက်ဆံရေးတင်းမာမှုမှာ ၂၀၀၈ ခုနှစ်တွင် တရုတ်အစိုးရနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူ Ma Ying-jeou ထိုင်ဝမ်သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း အတန်ငယ် လျော့ပါးလာခဲ့သည်။

Ma Ying-jeou လက်ထက်တွင် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာခဲ့သည်။ Ma Ying-jeou သည် ၂၀၁၂ ခုနှစ်တွင်လည်း ထိုင်ဝမ် သမ္မတအဖြစ် ဒုတိယ ၄ နှစ်သက်တမ်းအတွက် ထပ်မံ ရွေးကောက် ခံခဲ့ရသည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်က လွတ်လပ်ရေးကြေညာခဲ့လျှင် စစ်ရေးအရ ဆောင်ရွက်မည့် ၎င်း၏ အစီအစဉ်ကို စွန့်လွှတ်ခြင်း မရှိသေးချေ။ သို့သော် ထိုင်ဝမ်သည် ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီဖြစ်သည်။ ထိုင်ဝမ်
သည် တရုတ်လက်အောက်မှ ၁၉၄၉ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

0 comments:

Post a Comment