10.10.13

အသဲကွဲချိန်တွင် အားပေးခဲ့သည့် ပရိသတ်ကို ချယ်ရီကိုးလ် ကျေးဇူးစကားဆို

ချယ်ရီသည် အကသမား တစ်ဦးဖြစ်သည့် ထရီဟော်လိုဝေးနှင့် (၁၄)လကြာ လက်တွဲခဲ့ပြီးနောက် ယခုအခါ အတည်ပြု လမ်းခွဲလိုက်ပြီ ဖြစ်သည်
အသဲကွဲချိန်တွင် အားပေးခဲ့သည့် ပရိသတ်ကို ချယ်ရီကိုးလ် ကျေးဇူးစကားဆို
သူမ၏ အချစ်ရေး ပျက်ပြားချိန်တွင် ထောက်ခံအားပေးခဲ့သည့် ပရိသတ်များ ကို ကျေးဇူးတင်ကြောင်း ချယ်ရီကိုးလ်က အလေးအနက် တုံ့ပြန်ခဲ့သည်။ ချယ်ရီသည် အကသမား တစ်ဦးဖြစ်သည့် ထရီဟော်လိုဝေးနှင့် (၁၄)လကြာ လက်တွဲခဲ့ပြီးနောက် ယခုအခါ အတည်ပြု လမ်းခွဲလိုက်ပြီ ဖြစ်သည်။ အသက်(၃၀)အရွယ် ဗြိတိန် အဆိုတော်၏ ကိုယ်စားလှယ် တစ်ဦးက ချယ်ရီသည် လတ်တလောတွင် တစ်ကိုယ်တည်း ဘဝ၌ ရှိနေကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ချယ်ရီနှင့် ထရီတို့၏ ဆက်ဆံရေးသည် မတည်မငြိမ် ဖြစ်ခဲ့ပြီး ဇွန်လအတွင်းက ပြန်လည် သင့်မြတ် ပေါင်းစည်း ခဲ့သော်လည်း ယခုအခါ အပြီးသတ် လမ်းခွဲသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

ချယ်ရီက Twitterမှတစ်ဆင့် သူမ၏ ပရိသတ်များအား မိမိကို နှစ်သိမ့် အားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း ရေးသားခဲ့သည်။ "တစ်ခါတစ်လေ ကျွန်မအနေနဲ့ ပရိသတ်တွေက ဘာကြောင့်များ ဒီလောက် ကြင်နာတတ်ပြီး ကျွန်မအပေါ် ကောင်းနေကြသလဲ ဆိုတာကို တွေးကြည့်ပြီး အံ့ဩမိတယ်။ ဒီခံစားချက်က သိပ်ကို ခမ်းနား ကြီးကျယ်ပါတယ်"ဟု Twitterက ဆိုသည်။ သူမက ဆက်လက်၍ "အားလုံးကို ကျေးဇူးတင်ပါ တယ်။ ကျွန်မ ဆိုလိုချင်တာ အရာအားလုံးအတွက်ပါ။ ပရိသတ်တွေက ကျွန်မအတွက် တကယ့်ကို အံ့ဩကြည်နူးစရာပါပဲ"ဟုလည်း ရေးသား ထားသေး သည်။ ချယ်ရီနှင့် ထရီတို့သည် စက်တင်ဘာ လကုန်ပိုင်း က နောက် ဆုံးအကြိမ် အတူတကွ တွေ့မြင်ခဲ့ရပြီး ထိုစဉ်က NFL အမေရိကန် ဘောလုံးပြိုင်ပွဲအတွက် ဝင်ဘလေကွင်းကြီးသို့ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် ထရီသည် လော့စ်အန် ဂျလိစ်၌ နေထိုင်ပြီး ချယ်ရီကမူ ဇာတိမြေ ဗြိတိန်တွင်သာ ဆက်လက် အခြေစိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment