22.12.13

27th Sea Games, Myanmar 2013 ပိတ်ပွဲအခမ်းအနားကို ၅ နာရီခွဲတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စတင်မည်ဖြစ်သည်


ပါဝင်သီဆိုကြမည့် အဆိုတော်အနုပညာရှင်များမှာ
မေခလာ၊ မေဆွိ၊ စိုင်းစိုင်း၊ ဘန်နီဖြိုး၊ သီရိဆွေ၊ ဒီယံ၊ ဝေလျှံ နှင့်
အခြားသော အနုပညာရှင်များမှ တေးသီချင်းများဖြင့်
ဖျော်ဖြေကြမည်ဖြစ်သည်။

ထို့နောက် ကလေးငယ်များမှ ဓါတ်မီးများ အသုံးပြုပြီး
စာလုံးပုံဖော်မည်ဖြစ်သည်။
မြန်မာ့ ခြင်းလုံးအလှခတ်
ကျောက်ဆည် ဆင်ရတနာအက
မြင်စိုင်းရွှေပြည် ကာချင်း

ထိုအစီအစဉ်အများပြီးတဲ့အခါ အလံကိုင်တပ်ဖွဲ့များ နှင့်
အားကစားသမားများ ကွင်းအတွင်း နေရာယူခြင်း၊
(၂၈)ကြိမ်မြောက်ဆီးဂိမ်းစ်ကျင်းပမယ့် စင်ကာပူနိုင်ငံအလံလွှင့်တင်ခြင်း
တာဝန်ရှိလူကြီးမင်းမှ စကားပြောကြားခြင်း
ဆီးဂိမ်းစ်အလံအား စင်ကာပူနိုင်ငံသို့ လွှဲအပ်ခြင်း များပြုလုပ်မည်ဖြစ်သည်။
ထို့နောက် စင်ကာပူအကအဖွဲ့မှ ကပြဖျော်ဖြေကြသည်။
နီနီခင်ဇော် မှ ပြန်ဆုံမယ် တေးသီချင်းနဲ့ Win the Day သီချင်း သီဆို၍
အခမ်းအနား ကျင်းပပြီးစီးမည်ဖြစ်သည်။

ကျွန်တော်သိသလောက်ကို ရေးထားတာဖြစ်ပါတယ်။
အမှားပါသွားခဲ့ရင်လဲ ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်ပါတယ်။

အွန်လိုင်းမှ ကြည့်ရှုမည့် သူများအတွက် လင့်ခ်
==========================
http://www.youtube.com/watch?v=vFaUefR9aR4
www.mrtv4.tv

0 comments:

Post a Comment