22.12.13

မြန်မာနိုင်ငံတွင် အင်တာနက်မှ တစ်ဆင့် ငွေကြေး လွှဲပြောင်းခြင်း ဆောင်ရွက်နိုင်ရန်စီစဉ်

မြန်မာနိုင်ငံတွင် အင်တာနက်မှ တစ်ဆင့် ငွေကြေးလွှဲပြောင်းခြင်း ကိစ္စရပ်များကို ပြုလုပ်ဆောင်ရွက်နိုင်မည့် Internet Banking စနစ်ကို အသုံးပြုလာနိုင်စေရန် ဧရာဝတီဘဏ်မှ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ Internet Banking စနစ်ကို လာမည့် ၂ဝ၁၄ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် မြန်မာနိုင်ငံ မှပြည်သူများ အသုံးပြုလာနိုင်စေရန် ရည်မှန်းထားပြီး ယခုလက်ရှိတွင် ဧရာဝတီဘဏ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက စမ်းသပ် အသုံးပြုနေပြီဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


ထို Internet Banking စနစ်သည် ဘဏ်များသို့ လူကိုယ်တိုင် သွားရောက်စရာ မလိုဘဲ On Line မှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဆောင်ရွက်နိုင်စေရန် စီစဉ်ထားပြီး အင်တာနက် အသုံးပြုနိုင်သော မည်သည့် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပျူတာများနှင့်မဆို အဆိုပါ Internet Banking စနစ်ကို အသုံးပြုနိုင်ကြောင်း သိရသည်။ ၎င်းစနစ်ကို မြန်မာနိုင်ငံတွင် ဧရာဝတီဘဏ်မှ စတင်အသုံးပြုနိုင်စေရန် စီစဉ်ခြင်းဖြစ်သည့်အတွက် အစပိုင်းတွင် တခြားဘဏ်များမှ account များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ဧရာဝတီဘဏ်၌ ဖွင့်ထားသော account အချင်းချင်း သာ ငွေကြေးလွှဲပြောင်းခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အဆိုပါစနစ်ကို အသုံးပြုလိုသူများ အနေဖြင့် ထိုသို့ဆောင်ရွက်နိုင် စေရန် ဧရာဝတီဘဏ်တွင် ဘဏ်စာရင်းတစ်ခု ဖွင့်ထားရ မည်ဖြစ်သည်။ အဆိုပါ Internet Banking စနစ်၏ အဓိကအားသာချက်မှာ အင်တာနက် အသုံးပြုနိုင်သော နေရာဒေသနှင့် နိုင်ငံများမှနေ၍ မိမိတို့၏ ဘဏ်စာရင်းများ ထဲရှိ ငွေလက် ကျန်များ စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ ငွေကြေး လွှဲပြောင်းခြင်းနှင့် ငွေကြေးလက်ခံရယူခြင်း အစရှိသော ကိစ္စရပ်များကို လုပ်ဆောင် နိုင်ခြင်းဖြစ်ပြီး ထိုစနစ်ကို အကောင်အ ထည်ဖော် ဆောင်ရွက် လာနိုင်စေရန် ဧရာဝတီဘဏ် နည်းတူ တခြားသော ပုဂ္ဂလိက ဘဏ်တချို့ကလည်း နိုင်ငံတော်သို့ တင်ပြလျှောက်ထားကာ ခွင့်ပြု ချက်ရရှိရန် စောင့်ဆိုင်းလျက် ရှိကြောင်း သိရသည်။

MWD

0 comments:

Post a Comment