22.12.13

27th SEA Games ပထမ၊ ဒုတိယ၊ တတိယရရှိသော နိုင်ငံများ ဆုတံဆိပ် ရရှိမှုအား လေ့လာတင်ပြခြင်း

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင် အဆင့်(1) (2) (3) ရရှိ ကြတဲ့ ထိုင်း ၊ မြန်မာ ၊ ဗီယက်နမ်နိုင်ငံများအပေါ် ဆုတံရရှိမှုနဲ့ ယှဉ်ပြိုင်တဲ့ အားကစားသမားများ အချိုးအား အကြမ်းဖျဉ်း နှိုင်းယှဉ် တင်ပြလိုက်ပါတယ်။


ထိုင်းနိုင်ငံ (ပထမ)
***********

ထိုင်းနိုင်ငံဟာ အားကစားသမား စုစုပေါင်း (၇၂၇) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါ တယ် ရွှေတံဆိပ် လက်ရှိအချိန်မှာ (၁၀၇) ခုရနေတာကြောင့် ယှဉ်ပြိုင်သူ (၇) ဦးမှာ ရွှေတစ်ခုရတယ်လို့ ဆိုရမှာပါ။ ဆုတံဆိပ်စုစုပေါင်း (၂၈၂)ဆုရလို့ ပြိုင်ပွဲဝင် ၃ ဦးမှာ ဆုတံဆိပ် တစ်ခုနှုန်း ပျှမ်းမျှရရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

မြန်မာနိုင်ငံ (ဒုတိယ)
****************

မြန်မာနိုင်ငံဟာ အားကစားသမား စုစုပေါင်း (၈၃၄) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။ ရွှေတံဆိပ် လက်ရှိအချိန်မှာ (၈၄) ခုရနေတာကြောင့် ယှဉ်ပြိုင်သူ (၉) ဦးမှာ ရွှေတစ်ခုရတယ်လို့ ဆိုရမှာပါ။ ဆုတံဆိပ် စုစုပေါင်း (၂၃၁)ဆုရလို့ ပြိုင်ပွဲဝင် (၃ ဒသမ ၅) ဦးမှာ ဆုတံဆိပ် တစ်ခုနှုန်း ပျှမ်းမျှရတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဗီယက်နမ် (တတိယ)
*****************

ဗီယက်နမ်နိုင်ငံဟာ အားကစားသမား စုစုပေါင်း (၅၁၁)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွှေတံဆိပ် လက်ရှိအချိန်မှာ (၇၃)ခု ရနေတာကြောင့် ယှဉ်ပြိုင်သူ (၇) ဦးမှာ ရွှေတစ်ခုရတယ်လို့ ဆိုရမှာပါ။ ဆုတံဆိပ်စုစုပေါင်း (၂၄၄) ဆုရလို့ ပြိုင်ပွဲဝင် ( ၂ ဒသမ ၅)ဦးမှာ ဆုတံဆိပ် တစ်ခုနှုန်း ပျှမ်းမျှ ရတယ်လို့ သတ်မှတ်နိုင်ပါတယ်။

credit=moi web portal
မိုးတိမ် (တမာမြေ

Football Café

0 comments:

Post a Comment