22.12.13

ပိတ်ပင်မှုကြောင့် လွတ်လပ်ပေါ့ပါးတဲ့ ရွှေမင်းသမီးရဲ့အလှတရား ကွယ်ပျောက်သွားမလား

ဘဟီယာမှာလုပ်တဲ့ ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုမှာ အသင်းကြီးတွေ ဘယ်အသင်းနဲ့ ဘယ်အသင်းတွေ့မလဲလို့ ရင်ခုန်ရသလိုမျိုး မစ္စလီမာရဲ့အလှအပနဲ့ ဖက်ရှင်က ရင်ခုန်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မဲခွဲပွဲအပြီး ဘရာဇီးမော်ဒယ်လေးကို တွစ်တာကနေ စကားပြောတဲ့သူက တစ်စက္ကန့်ကို (၁၀)ယောက်နှုန်းတောင် ရှိခဲ့တာပေါ့။ မစ္စလီမာရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ထပ်ပြီးမြင်တွေ့ရမှာကတော့ ဇန်န၀ါရီ(၁၃)ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား
ဆုပေးပွဲ အခမ်းအနားမှာပါ။



စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေနဲ့ တွဲပြီး မြင်တွေ့နေရတဲ့ သူမရဲ့ ဒီတစ်ကြိမ် ၀တ်စားဆင်ယင်မှု အရင်တခါ မြင်ခဲ့ရတဲ့ ပုံစံလောက် ပေါ့ပေါ့ပါးပါး ရှိမနေမှာကိုတော့ စိုးရိမ်မိပါတယ်။ လွတ်လပ်ပေါ့ပါးမှုဆိုတာ အလှအပရဲ့ အရိုးရှင်းဆုံး အစိတ်အပိုင်း
တစ်ရပ်လို့တောင် ပြောနိုင်ပြီး မဲခွဲပွဲမှာ မစ္စလီမာ ၀တ်ဆင်ခဲ့တာကလည်း
ပေါ့ပါးတဲ့ပုံစံမျိုးပါပဲ။ ဒါပေမဲ့ ကမ္ဘာ့ဖလားမဲခွဲပွဲမှာ မစ္စလီမာရဲ့ဝတ်ဆင်မှုက လိင်ဆွဲဆောင်မှု အသားပေးလွန်းတယ်လို့ သတ်မှတ်ခဲ့တဲ့ အီရန်က ရုပ်သံဒါရိုက်တာတွေဟာ ဒီမဲခွဲပွဲ အသံထုတ်လွှင့်မှုကို ဖြတ်တောက်ခဲ့
ပါတယ်။ ဒါ့အပြင် မစ္စလီမာရဲ့ ၀တ်စားဆင်ယင်မှုအပေါ် မကျေနပ်တာတွေကို ပြောပြီး ဇူးရစ်မှာလုပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲမှာ မစ္စလီမာကို အရင်တစ်ခါလို မ၀တ်ဖို့ ဖိအားပေးခဲ့ပါတယ်။

ဒီကိစ္စအတွက် မစ္စလီမာကတော့ အခုလို ပြောပါတယ်။ `ဖြစ်ပျက်ခဲ့တာတွေအားလုံးအတွက် တောင်းပန်ပါတယ်။ အခြားနိုင်ငံသားတွေကို၊ အခြားနိုင်ငံရဲ့ယဉ်ကျေးမှုကို တိုက်ခိုက်ဖို့ ကျွန်မ မရည်ရွယ်ခဲ့သလို ပဋိပက္ခတွေ ဖြစ်စေဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။ ဒီအတွေ့အကြုံကနေ သင်ယူပြီး ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကျရင် အားလုံးကြည့်ရှုနိုင်ဖို့အတွက် ဂရုတစိုက်ဝတ်စုံရွေးချယ်သွားပါမယ်´ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်။ ရွှေမင်းသမီးကို ဘောလုံးဇာတ်ဆင်ထက်မှာ နောက်တစ်ကြိမ် မြင်ရမယ့် ဇန်န၀ါရီ(၁၃)မှာ သူမရဲ့ လွတ်လပ်ပေါ့ပါးမှုတွေ မပျောက်ဆုံးသွားဖို့ အရေးကြီးပါတယ်။

http://yoyarlay.com/sport/football/39363-2013-12-22-00-53-41

0 comments:

Post a Comment