22.12.13

လွှထောင် ဦးအို လှူဒါန်းသော သစ်သား ဘုန်းတော်ကြီးကျောင်း ကို နိုင်ငံခြားသားများ စိတ်ဝင်တစား လေ့လာ

အင်းဝဒေသရှိ သစ်သားကျောင်း တစ်ကျောင်း ဖြစ်သော လွှထောင် ဦးအို တည်ဆောက် လှူဒါန်း ခဲ့သည့် သစ်သား ကျောင်းကြီးကို ဂျပန်နိုင်ငံမှ ရှေးဟောင်း သုတေသန ပညာရှင်များ လာရောက်လေ့ လာကြောင်း သိရသည်။


အင်းဝဒေသ တွင် သစ်သားနှင့် တည်ဆောက် ထားရှိသော ရှေးဟောင်း သစ်သားကျောင်း များ ကျန်ရှိနေရာ အင်းဝဗားကရာ ကျောင်း ၊ ရွှေမုဋ္ဌော အရှေ့ကျောင်း ၊ မြို့မကျောင်း ၊ နှစ်ကျိတ်ကျောင်း ၊ ကျောင်းသစ်ကျောင်း (ခ) လွှထောင် ဦးအိုကျောင်း များသည် ကျောင်းဦး ပြာသာဒ် ၊ ဇေတဝန်ဆောင် များဖြင့် ရှေးကျောင်း အင်္ဂါရပ်နှင့် အညီ ကျန်ရှိ နေခြင်း တို့ကြောင့် နိုင်ငံခြားသားများ လာရောက် လေ့လာခြင်း ဖြစ်သည်။

အင်းဝ ဈေးချိုကျေးရွာ အုပ်စုရှိ လွှထောင် ဦးအို လှူဒါန်းခဲ့သော သစ်သားကျောင်း တော်ကြီးကို အချိန် ကြာမြင့်စွာ လေ့လာ၍ ကျောင်းဆောင် ပေါ်ရှိ စာတိုက် ဗီရိုများ ၊ ပေစာများ ၊ ပေစာထုပ်သော ကြိုးစာများ ၊ ကော့ပလ္လင် စသည်တို့ကို စိတ်ဝင်တစား လေ့လာ ကြကြောင်း သိရှိရသည်။

Themyawadydaily

0 comments:

Post a Comment