22.12.13

အမျိုးသမီးကွင်းလယ်ကစားသမား သန်းသန်းထွေးကို လက်ဆွဲနှုတ်ဆက်ရန် ပွဲကြည့်စင်ပေါ်မှခုန်ချသူ ခြေထောက်ရိုးနှစ်ချောင်းကျိုး

မန္တလေး- မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ကွင်းလယ်ကစားသမား သန်းသန်းထွေးကို လက်ဆွဲနှုတ်ဆက်လိုသောကြောင့် ပွဲကြည့်စင်ပေါ်မှ ခုန်ချခဲ့သည့် အမျိုးသားတစ်ဦးဘယ် ဘက် ခြေထောက်ရိုးနှစ်ချောင်းကျိုးသွား၍ မန္တလေး
ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။



ယခုလ ၂၀ ရက် ညနေ ၄ နာရီမှ ၆ နာရီအတွင်း ကျင်းပသည့် အမျိုးသမီးဆီးဂိမ်းဘော လုံးပြိုင်ပွဲတတိယနေရာလုပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် တတိယနေရာရခဲ့သည့် မြန်မာအမျိုးသမီးအသင်းကပွဲကြည့် စင်တစ်လျှောက်လုံးရှိ ပရိသတ်များကို လိုက်လံနှုတ်ဆက်ခဲ့သည်။

ထိုအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်နေသူ အသက် (၂၄) နှစ် အရွယ်အမျိုးသားတစ်ဦးသည် ကျောနံပါတ် ၇ ကွင်းလယ်ကစားသမားသန်းသန်းထွေးကို အနီးကပ်လက် ဆွဲနှုတ်ဆက်လို၍ ပွဲကြည့်စင်ပေါ်မှ ခုန်ချခဲ့ရာ ဘယ်ဘက်ခြေ ထောက်ရိုးနှစ်ချောင်းကျိုးသွားသည်။ ၎င်းကို ညနေ၆နာရီခွဲတွင် မန္တလေးဆေးရုံကြီးသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ခြေထောက်ရိုးကျိုးခဲ့သည့် အမျိုးသားမှ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ယခုဆေးရုံကြီးမှ ဆင်းခွင့်ပြုခဲ့သည်။

မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်၌ ယှဉ်ပြိုင်ကစားသည့် မြန်မာအမျိုးသမီးအ သင်း၏ ဆီးဂိမ်းဘောလုံးပွဲစဉ် အားလုံးတွင် ပါဝင်ကစားပြီး ပွဲတိုင်းနီးပါးခြေစွမ်းပြကစားခဲ့ သည့် ကွင်းလယ်ကစားသမားသန်းသန်းထွေးမှာကွင်းအတွင်းလာရောက်ကြည့်ရှုသူ ပရိသတ်များ၏ အဓိကအားပေးခြင်းကို ခံခဲ့ရသည်။

7Day News Journal

0 comments:

Post a Comment