22.12.13

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို လီဗာပူး သိမ်းပိုက်၊ အသင်းကြီးအားလုံးရလဒ်ကောင်းခဲ့တဲ့ လိဂ်ပွဲစဉ်ရလဒ်များ

စနေညရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူး ကာဒစ်ဖ်ပွဲမှာတော့ ဆွာရက်ဇ် ဂိုးမြူးခြင်းနဲ့အတူ လီဗာပူး အောင်ပွဲခံနိုင်ခဲ့ပြီး နောက်ဆုံးကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၆)ပွဲမှာ (၃)ဂိုးနဲ့အထက် သွင်းနိုင်တယ်ဆိုတဲ့ မှတ်တမ်းမျိုး ရေးထိုးနိုင်ခဲ့သလို မန်ချက်စတာ (၂)သင်းလည်း ရလဒ်ကောင်းခဲ့တာကြောင့် အသင်းကြီး(၃)သင်းစလုံး အကျိုးပေးကောင်းခဲ့တယ်လို့ ပြောရမှာပါ။

****အမှတ်ပေးဇယားထိပ်ကို သိမ်းပိုက်လိုက်တဲ့ လီဗာပူး (သို့မဟုတ်)ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)



လီဗာပူး ၃-၁ ကာဒစ်ဖ်

ခရစ္စတယ်ပဲလေ့စ် ၀-၃ နယူးကာဆယ်

ဖူလ်ဟမ် ၂-၄ မန်စီးတီး

မန်ယူ ၃-၁ ၀က်စ်ဟမ်း

စတုတ်စီးတီး ၂-၁ ဗီလာ

ဆန်းဒါးလန်း ၀-၀ နောဝစ်ခ်ျ

ဝက်စ်ဘရွန်း ၁-၁ ဟူးလ်စီးတီး

ထူးခြားမှတ်တမ်း

*ဒီဇင်ဘာလအတွင်း ဆွာရက်ဇ် သွင်းယူခဲ့သည့်ဂိုး (၁၀)ဂိုးရှိလာခဲ့ပြီး ကျန်ပရီးမီးယားလိဂ် ကစားသမားများ၏ ဒီဇင်ဘာသွင်းဂိုးထက် ပိုမိုများပြားနေ။

*၂၀၁၃ခုနှစ်အတွင်း ဆွာရက်ဇ် သွင်းယူခဲ့သည့် စုစုပေါင်းသွင်းဂိုး (၁၉)ဂိုး ရှိနေပြီး ပရီးမီးယားလိဂ် ကစားသမားများအနက် (၂၀၁၃)ခုနှစ် သွင်းဂိုးအများဆုံး ကစားသမားဖြစ်နေ။

*စနေည ပရီးမီးယားလိဂ်ပွဲစဉ်တွင် လူစားဝင်ကစားသမားများ (၇)ဂိုးသွင်းယူနိုင်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လူစားဝင်ကစားသမားများ ဂိုးအများဆုံးသွင်းနိုင်သည့်နေ့ဖြစ်လာ။

*(၂၀၁၂)ခုနှစ် အောက်တိုဘာ(၂၀)ရက်နောက်ပိုင်း ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်သည့် ၀ဲလ်ဘတ်မှာ လိဂ်ဂိုးတစ်ဂိုးရရန် (၄၂၇)ရက် စောင့်ဆိုင်းခဲ့ရ။

*ဖူလ်ဟမ်နှင့် မန်စီးတီးတို့ ကစားခဲ့သည့်ပွဲစဉ်(၂၂)ပွဲတွင် အနီကတ်ပြခံရသူတစ်ဦးမျှ ရှိမနေခဲ့။

*(၁၉၉၁-၉၂)ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယားရပ်တည်မှု ထိပ်တန်း(၃)သင်းဝင် အသင်းများသာ ဗိုလ်စွဲခဲ့သည်။

****အက်သလက်တီကို အိမ်ကွင်း(၉)ပွဲဆက် နိုင်တယ်။ အဲဒီပွဲတွေမှာ ဒီယေဂိုကော်စတာလည်းဂိုးသွင်းနိုင်တယ် (သို့မဟုတ်)စပိန်လာလီဂါပွဲစဉ်(၁၇)

ဗီလာရီးရဲလ် ၁-၂ ဆီဗီလာ

ဘက်တစ် ၀-၁ အယ်လ်မီရီယာ

အက်သလက်တီကို ၃-၂ လီဗန်တေး

ဂရန်နာဒါ ၁-၃ ဆိုစီဒက်

*****(၂၀၀၀)ခုနှစ်နောက်ပိုင်း ဒေါ့မွန်ရဲ့ အိမ်ကွင်း(၃)ပွဲဆက် ရှုံးနိမ့်မှု (သို့မဟုတ်)ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၇)

ဒေါ့မွန် ၁-၂ ဟာသာဘာလင်

ဘရွန်ရှဝစ်ခ်ျ ၁-၀ ဟော့ဖန်ဟိမ်း

ဟမ်းဘတ် ၂-၃ မိန့်ဇ်

ဖရိုင်းဘတ် ၂-၁ ဟန်နိုဗာ

ဝါဒါဘရီမင် ၁-၀ လေဗာကူဆင်

နုရင်ဘတ် ၀-၀ ရှော်လ်ကေး

****စကူဒက်တိုပြေးလမ်းပေါ်က နာပိုလီ လမ်းချော်သွားခြင်း (သို့မဟုတ်)စီးရီးအေပွဲစဉ်(၁၇)

လီဗော်နို ၁-၂ အူဒီးနီးစ်

ကက်ဂလီယာရီ ၁-၁ နာပိုလီ

http://yoyarlay.com/sport/football/39362-2013-12-22-00-00-12

0 comments:

Post a Comment