12.7.13

ဘရစ်တနီ၏ သီချင်းဗီဒီယိုသစ်တွင် သူမ၏သားနှစ်ဦး ပါဝင်သရုပ်ဆောင်


ဘရစ်တနီ စပီးယားစ်သည် သူမ၏ သီချင်း ဗီဒီယိုသစ်တွင် သားနှစ်ဦးကိုပါ ထည့်သွင်း သရုပ်ဆောင်စေခဲ့ကြောင်း သိရှိရသည်။ ဘရစ်တနီ ၏ သားနှစ်ဦးဖြစ်သော အသက်(၇)နှစ် အရွယ် ရှောင်ပရက်စတန်၊ အသက်(၅)နှစ် ရှိ ဂျေဒန်ဂျိမ်းစ်တို့သည် ‪#‎Ohh‬ La La သီချင်း ဗီဒီယိုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ဘရစ်တနီသည် သားနှစ်ဦးနှင့်အတူ ရုပ်ရှင်ရုံထဲတွင် ကျီစယ်နေသည့် ဇာတ်ဝင်ခန်းကို ထည့်သွင်းထားခြင်း ဖြစ်သည်။ Smurf 2 ကာတွန်းရုပ်ရှင်ကို သားအမိ(၃)ဦး အတူကြည့်ရှုနေရင်း မိခင်ဖြစ်သူက ကာတွန်းရုပ်လေးများနှင့် ပေါင်းစည်းသွားပြီး မျက်လှည့်ဆန်ဆန် ဖန်တီးပြရာတွင် ဘရစ်တနီ၏ သားများက အံ့ဩသွားဟန် သရုပ်ဆောင်ထားကြသည်။

ဘရစ်တနီသည် အနီရောင် ဝတ်စုံကို ဆင်မြန်းထားပြီး အပြာရောင် လူပု ကာတွန်းရုပ် ‪#‎Smurf‬ လေးများနှင့်အတူ ‪#‎Animation‬ ရေးဆွဲထားသည့် သီချင်းဗီဒီယိုကို စိတ်ကူးယဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။ ရိုက်ကွင်းမြင်ကွင်းတွင် ဘရစ်တနီ၏ (၅)နှစ်အရွယ် တူမလေး မက်ဒီသည်လည်း သားအမိ (၃)ဦးနောက်တွင် ရှိနေသည်ကို တွေ့ရသည်။

ဘရစ်တနီက အဆိုပါ သီချင်းဗီဒီယိုကို ‪#‎Vevo‬ တွင် လွှင့်တင်ပြီးချိန်တွင် "ကျွန်မရဲ့ ကလေးတွေ ချစ်စရာ မကောင်းဘူးလား"ဟု Twitter ၌ ရေးသားခဲ့သေးသည်။ ဘရစ်တနီ၏ သားငယ်(၂)ယောက်သည်လည်း အဆိုပါ ရိုက်ကွင်း အတွေ့အကြုံကို ပျော်ရွှင် ဝမ်းသာနေခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment