12.7.13

လုံခြုံရေးစနစ်အပြည့်ပါဝင်သော ကျောင်းကားများ Higer မှတင်သွင်းရောင်းချမည်


ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကလေးငယ်များအတွက် လုံခြုံမှု အပြည့်အ၀ပေးနိုင်ရန်အတွက်လုံခြုံရေးစနစ်အပြည့်ပါဝင်သည့် ကျောင်းကားများကိုHigerမှတင်သွင်းရောင်းချ သွားမည်ဖြစ် ကြောင်း မန်နေဂျင်းဒါရိုက်တာဦးဝင်းမျိုးချစ်က ပြောကြားခဲ့သည်။


အဆိုပါ ကျောင်းကားများမှာရာသီဥတုဆိုးရွားချိန်များတွင်အလွယ်တကူ မြင်တွေ့နိုင်ရန်အတွက်အ၀ါရောင်များဖြင့်ထုတ်လုပ်ထားကြောင်း၊ကားအတွင်းပိုင်းနှင့်အပြင်ပိုင်းများတွင်လည်းCCTV ကင်မရာများ တပ်ဆင်ပေး ထားကြောင်း၊ အရေးပေါ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကအ နီးအနားရှိ ဈေးရုံများ၊ ရဲစခန်းများမှကား၏ တည်နေရာကိုသိရှိနိုင်ရန်အတွက် အရေးပေါ်ခလုတ်များတပ်ဆင်ပေးထားကြောင်း၊ကား၏ကိုယ်ထည်ပိုင်းကိုElectrophoresisနည်းပညာနှင့် ဆေးရည်စိမ်တည်ဆောက်ထားသဖြင့်သံချေးတက်ခြင်းမှကာကွယ်ပေးနိုင်ကြောင်း၎င်းကဆိုသည်။

“Higerလို့ပြောရင် တကယ့်ဈေးကွက်အသစ်တွေကိုကိုယ်တိုင်ထိုးဖောက်
ရောင်း ချပေးပြီး ကားအသစ်တွေကိုလည်းမိတ်ဆက်ပေးပြီး ရောင်း ချပေးတာပါ၊အခု ရောက်လာမယ့် ကျောင်းကားတွေက နိုင်ငံတကာစံချိန်စံညွန်းအတိုင်းထုတ်လုပ်ပေးထားတဲ့အတွက်ကလေးသူငယ်တွေကိုလုံခြုံမှုအပြည့်အ၀ ပေးနိုင်ပါတယ်”ဟုဦးဝင်းမျိုးချစ်က ပြောပြသည်။

ကျောင်းကားများမှာသြဂုတ်လအတွင်း ရောက်ရှိလာမည်ဖြစ်ပြီး ပုဂ္ဂလိကကျောင်းများမှမှာယူထားမှုများရှိကြောင်း၊ ကျောင်းသား၂၅ဦး ဆံ့ကားများဖြစ်ပြီးတစ်စီးလျှင်ကျပ်၃၇၅သိန်းမှကျပ်သိန်းလေးရာအထိရှိကြောင်း၊၀ယ်ယူအသုံးပြုလိုသူများအတွက်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွား
မည် ဖြစ်သလို ငွေပေးချေမှုများကိုလည်း ဘဏ်များနှင့် ချိတ်ဆက် ဆောင် ရွက် သွားမည် ဖြစ်ကြောင်း၊အသုံးပြုသူများအတွက် Warranty ပေးမည် ဖြစ် သ ကဲ့သို့ အပိုပစ္စည်းများကိုလည်း အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ပေး ထားကြောင်း၎င်းင်း၏အဆိုအရသိရသည်။

Automobile Journal

0 comments:

Post a Comment