ဒီမနက် စိတ်ဝင်စားစရာ ဝက်ဆိုက် တခုရဲ့လိပ်စာ အီးမေးနဲ့ ရောက်လာ ပါတယ်။
အဲဒါကတော့ ရန်ကုန်တက္ကသိုလ် နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ၀က်ဆိုက်ပါပဲ။ လိပ်စာက www.yufund.org yufund ဆိုတော့ ရန်ကုန်တက္ကသိုလ်အတွက်ရန်ပုံ ငွေ ဆိုတဲ့သဘောပေါ့။ ၀က်ဆိုက်စာမျက်နှာ ထိပ်ဆုံးမှာတော့ ...ရန်ကုန်တက္က သိုလ်ပြန်လည် မွမ်းမံရေး နဲ့ အဆင့်မြှင့်တင်ရေးတာဝန် လို့ ရေး ထားပါတယ်။
ဝက်ဆိုက်မှာ ရန်ကုန်တက္ကသိုလ်အကြောင်း အင်္ဂလိပ်လိုပဲ ရေး သား ဖော်ပြထားတာပါ။ရန်ပုံငွေက နိုင်ငံတကာကနေ လာကြမှာ ဆိုတော့ သူတို့နားလည်မယ့် ဘာသာကို အသုံးပြုထားပုံပါပဲ။
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး နဲ့ ပြန်လည်မွမ်းမံရေးကော်မ တီဝင်များရဲ့ အမည်ကိုလည်း ဖော်ပြထားပါတယ်။
ဒေါ်အောင် ဆန်းစုကြည်က ဥက္ကဋ္ဌ၊ ပြီးတော့ တခြား လွှတ်တော်ကိုယ် စားလှယ် ၅ ဦး၊ ပြီးတော့ ပညာရေးဌာန အရာရှိကြီးတွေ အငြိမ်းစားအ ရာရှိကြီးတွေက ၁၀ ဦး။ စုစုပေါင်း ၁၆ ဦး။
အလှူရှင်များ ဆိုတဲ့ နေရာမှာတော့ တက္ကသိုလ်မွမ်းမံပြင်ဆင်ရေးလ
သြစတြေးလျ အစိုးရအကူအညီပေးရေးအဖွဲ့ကြီ
ဧရာဝတီ သတင်းတပုဒ်မှာ
မြန်မာ့ ပညာရေးအတွက် သြစတြေး လျ ဒေါ် လာ သန်း ၁၀၀ ကူညီမည်
http://www.yufund.org/
လို့ ရေးထားတဲ့အတွက် အဲဒီ သန်း တရာထဲက ရာခိုင်နှုန်းတချို့ကို ဒီကော်မတီက ကိုင်တွယ်ရမယ် ထင်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကို မည်သို့မည်ပုံ ပြင်ဆင်ပြောင်းလဲမယ် ဆိုတာတွေကို ၀က်ဆိုက်မှာ တွေ့ရပါမယ်။
ဒီလိုပြင်ဆင်ပြောင်းလဲဖို့အ
(အဆိုတင်တဲ့ရက်စွဲက ၉ နိုဝင်ဘာ ၂၀၁၃ လို့ ဆိုတယ်။ ခုမှ ဇူလိုင် ၂၀၁၃ ပဲ ရှိသေးတယ် ဆိုတော့ အဲဒီရက်စွဲကိုတော့ မကြာခင် ပြင်ဆင်မယ်လို့ ယူဆပါတယ်)
ကော်မတီဝင် ၁၇ ဦးနဲ့ ဖွဲ့ပါတယ် တဲ့။ ကော်မတီဝင်စာရင်း စာမျက်နှာမှာတော့ ၁၆ ဦး နာမည်ပဲ ဖော်ပြထားတော့ တယောက် ထွက်သွားပြီလို့ ထင်ပါတယ်။
ဟိုချီမင်း နဲ့ ရန်ကုန်တက္ကသိုလ်ဒေါက်တာဘွဲ့
ဒီ ဧရာဝတီဘလော့က ပို့စ်တခုကို ဖတ်ကြည့်ရင် တချိန် က ရွှေထီးဆောင်းခဲ့တဲ့ အနေအထားကို အကဲခတ်နိုင်မှာပါ။
နောက်ပိုင်း ... သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ဟ
အခုတော့ ပြန်လည် ခေါင်းထောင်ဖို့ အခြေအနေပေးတဲ့အချိန်မှာ လိုအပ်တဲ့ ရန်ပုံငွေကို ရှာဖွေရေး အတွက် ၀က်ဆိုက် ပေါ်ပေါက်လာပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ကိုင်နေတယ် ဆိုတဲ့အတွက် အောင်မြင်မှုရမယ်လို့ ယူဆရပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ကိုင်နေပြီ ဆိုရင်တော့ တက္ကသိုလ် ၀က်ဆိုက် www.YangonUniversity.edu လည်း ပေါ်ပေါက်လာတော့မှာပါ။
YU.edu ကိုတော့ တခြားတက္ကသိုလ်တခုက ယူသွားပါပြီ။
ဝက်ဆိုက် မရှိသေးဘူး ဆိုရင်တော့ ဒီခေတ်ထုံးစံအရ ခပ်ညံ့ညံ့တက္ကသိုလ်လို့ အထင်ခံရဖွယ် ရှိနေပါတယ်။
ဧရာဝတီ
0 comments:
Post a Comment