12.7.13

ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး စီးပွားရေးဇုန်နှင့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေများကို ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော် အတည်ပြု

ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေနှင့် မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေတို့အား ဖျက်သိမ်းမည့် အဆိုကို ဇူလိုင် ၁၀ ရက်က ပြု လုပ်ခဲ့ေ သာ ပြည်သူ့ လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန က မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေကြမ်းအား လွှတ်တော် သို့ တင်သွင်းထားကြောင်း၊ တင်သွင်း ထားသော မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းနှင့် ပတ်သက်၍ တစ်ပိုဒ်ချင်းစီ အလိုက် ပြင်ဆင် သင့်သည့် အချက်များကို ပြည်သူ့လွှတ်တော်က အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။


ထိုသို့ အဆုံးအဖြတ် ရယူရာတွင် လက်ရှိ မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းပါ အချက်များနှင့် ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေ၊ မြန်မာအထူး စီးပွားရေးဇုန် ဥပဒေပါ အချက်များ ဆန့်ကျင်လျက် ရှိသည့်အတွက် ထားဝယ်အထူး စီးပွားရေးဇုန်နှင့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေများကို ဖျက်သိမ်းရန် ပြင်ဆင်ချက် အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော် ဥပဒေဆိုင်ရာ ကော်မတီများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၀င်များ၏ သဘောတူညီချက်ဖြင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် လက်ရှိအမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ တင်သွင်းသည့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းအား အတည်ပြုပြီးပါက ယခင် အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေနှင့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကို ဖျက်သိမ်းသွားမည် ဖြစ်သည်။ လက်ရှိတွင် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းမှာလည်း ယခင်က ရင်းနှီးတည်ဆောက်သူ အဖြစ် ရွေးချယ် လုပ်ကိုင်နေသည့် အီတာလျံထိုင်း အများပိုင်ကုမ္ပဏီ၏ ဘဏ္ဍာရေး အခက်အခဲကြောင့် ရပ်နားလိုက်ရပြီး ဆက်လက်၍ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရင်းနှီးတည်ဆောက်သူ အသစ်ကို တင်ဒါခေါ်၍ ထပ်မံရွေးချယ် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။

EMG

ထားဝယ်ခရိုင် နဘုလယ်ဒေသတွင် ဖော်ဆောင်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တစ်နေရာ (ဓာတ်ပုံ-ဖြိုးဇင်)

0 comments:

Post a Comment