12.7.13

ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းရပ်ကွက် လယ်သမားများနှင့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့ လယ်မြေအငြင်းပွားမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ်ရှိ အလတ်ချောင်းရပ်ကွက် လယ်သမား များနှ င့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့ကြား ၂၀၀၇ ခုနှစ်က သိမ်းဆည်းခဲ့သော လယ်မြေ ဧက ၅၀ ကျော်နှင့် ပတ်သက်၍ အငြင်းပွား မှု ဖြစ်ပွားနေကြောင်း သိရသည်။  ကြည့်မြင် တိုင်မြို့နယ် ရန်ကုန်တစ်ဖက်ကမ်းရှိ အလတ်ေ ချာင်း ကျေးရွာရှိ လယ်သမား ရှစ်ဦးပိုင် မြေဧက ၅၀ ခန့်အား ၂၀၀၈ ခုနှစ်က ရယက ဥက္ကဋ္ဌမှ စာရွက်စာတမ်း တစ်စုံတစ်ရာ မပါရှိဘဲ နှုတ်ဖြင့်သာ အဆိုပါ လယ်များအား မြန်မာ့စီးပွားရေး ဦးပိုင်မှ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း၊ လယ်သမားများ အနေဖြင့် လယ်ဆက်လုပ်ခြင်း မပြုလုပ် ရန် ပြော ကြားခဲ့ကြောင်း သိမ်းဆည်း ခံခဲ့ရသည့် လယ်သမားများက ဆိုသည်။


ခြံခတ်တဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေက တားခဲ့ပါတယ်။ အဲဒီမြေတွေက ဘိုးဘွားပိုင် မြေတွေပါ။ လုပ်စားလာတာ နှစ်တွေအတော် ကြာပါပြီ၊ သိမ်းလိုက်တဲ့ နှစ်ကစပြီး လယ်မလုပ်ရတော့တာ။ လျော်ကြေးလည်း လုံးဝမရခဲ့ပါဘူး...

''သိမ်းတဲ့ ကာလတုန်းက ဘာမှမပြောရဲခဲ့ဘူး။ အသိမ်းခံခဲ့ရတဲ့ ဧက ၅၀ ခန့်မှာ ၂၄ ဧကခန့်ကို ဦးပိုင်ကနေ ငွေပင်လယ်လွန်းကျင်း ဆောင်ရွက်နေတယ်။ အဲဒီအပိုင်းကိုတော့ မြေငှားဂရမ် ချထားပြီးပြီလို့ သိရတယ်။ ကျန်နေတဲ့ ၂၁ ဧကကို ဦးပိုင်က ၉ ရက် ညနေပိုင်း ခြံခတ်တဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေက တားခဲ့ပါတယ်။ အဲဒီမြေတွေက ဘိုးဘွားပိုင် မြေတွေပါ။ လုပ်စားလာတာ နှစ်တွေအတော် ကြာပါပြီ၊ သိမ်းလိုက်တဲ့ နှစ်ကစပြီး လယ်မလုပ်ရတော့တာ။ လျော်ကြေးလည်း လုံးဝမရခဲ့ပါဘူး'' ဟု မြေ ၁၈ ဧကခန့် သိမ်းဆည်းခံခဲ့ရသည့် ဦးငွေတင်၏ သားဖြစ်သူက ဆိုသည်။

အဆိုပါ အငြင်းပွားမှုအား ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဗိုလ်မှူးတင်ဝင်း(ငြိမ်း) အဖွဲ့မှ လယ်သမားများနှင့် ဇူလိုင် ၁၀ ရက်တွင် ညှိနှိုင်းခဲ့ပြီး မြေ ၂၁ ဧကနှင့် ပတ်သက်၍ စည်ပင်မှ အဆိုပါ မြေအား ဦးပိုင်မှ ပိုင်ဆိုင်ကြောင်း အထောက်အထား မပေးပါက ခြံခတ်ခြင်းကို ဆက်လက် တားဆီးကြောင်း လယ်သမားများနှင့် သဘောတူထားသည်ဟု သိရသည်။

EMG

0 comments:

Post a Comment