13.7.13

သီရိမင်္ဂလာဈေးဟောင်း ယာဉ် ရောင်းဝယ်ရေးစခန်း ညအိပ်ယာဉ်များကြောင့် အငြင်းပွားမှုဖြစ်

ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ညအိပ်ယာဉ်များ ရပ်နားသဖြင့် မော်တော်ယာဉ် ဝယ်ရောင်းများ ရပ်နားရန် နေရာမရှိ၍ ယာဉ်ရပ်နားစခန်း ကွပ်ကဲေ ရး ရုံးသို့ တိုင်ကြား မှုကြောင့် ညအိပ်ယာဉ် ပိုင်ရှင်များနှင့် ယာဉ်ဝယ်ရောင်းများ အငြင်းပွား မှု ဖြစ်ေ န ကြောင်း စခန်းမှ တာဝန်ရှိသူများနှင့် ဝယ်ရောင်းများထံမှ သိရသည်။


မော်တော်ယာဉ် အရောင်းကုမ္ပဏီများ၏ ယာဉ်များ အမြဲတမ်း ညအိပ်ထားပြီး နံနက်ပိုင်းတွင်လည်း ဖယ်ရှားခြင်း မရှိသောကြောင့် ဝယ်ရောင်းများ၏ ယာဉ်များ သတ်မှတ်နေရာအတိုင်း ထားရှိရန် ခက်ခဲနေကြောင်း၊ စခန်း ပြင်ပ၌ ယာဉ် ရပ်နားသောအခါတွင်လည်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ အရေးယူခြင်းကို ခံရကြောင်း အဆိုပါ ယာဉ် ရောင်းဝယ်ရေး စခန်းရှိ ယာဉ် ဝယ်ရောင်းများက ပြောကြားသည်။

“ပြဿနာ ဖြစ်ခဲ့ရင် ဖြေရှင်းပေးမယ့် အသင်းအဖွဲ့ ဖွဲ့စည်းပေးထားတာမျိုး လိုချင်တယ်” ဟု ယာဉ် ဝယ်ရောင်း ဦးပေါက်က ပြောဆိုသည်။

စခန်းတွင်း ယာဉ်လမ်းကြောင်း ဖြေရှင်းရန်မှာ စခန်း ကွပ်ကဲရေးရုံးတွင်သာ တာဝန်ရှိပြီး ၎င်းတို့ဌာနက အရေးယူ၍ မရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

စခန်းအတွင်း ညအိပ် ယာဉ်များကို ခွင့်မပြုပါက ရပ်ကွက်တွင်းနှင့် လမ်းမ များပေါ်၌ ရပ်နားကာ လူသွားလမ်းနှင့် ကားလမ်းများ အသွားအလာ ပိုမို အခက်အခဲ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယခု စခန်းအတွင်း ယာဉ်ရပ်နားခြင်း ဆိုသည်မှာလည်း ဦးရာလူ စနစ်ပင်ဖြစ်ကြောင်း၊ ညအိပ်ယာဉ်များကို ညအိပ် ခွင့်အနေဖြင့် ငွေကောက်ခံခြင်းမဟုတ်ဘဲ ယာဉ်ရပ်နားခွင့် အနေဖြင့် ကောက်ခံခြင်းဖြစ်ပြီး အငြင်းပွားမှု အချို့မှာလည်း ယာဉ် ဝယ်ရောင်းများတွင် ယာဉ် ညအိပ်ထားခြင်းကို ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိကြောင်း ၎င်းက ပြောဆိုသည်။

“နှစ်ဖက်စလုံးရဲ့ တင်ပြချက်ကို အထက်ကို တင်ပြထားပါတယ်” ဟု သီရီမင်္ဂလာဈေးဟောင်း ယာဉ် ရောင်းဝယ်ရေးစခန်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယာဉ်များ ညအိပ်ခွင့်ကို သက်ဆိုင်ရာဌာနက တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း ထုံးစံအတိုင်း နားလည်မှုဖြင့်သာ ဆောင်ရွက်ကြောင်း၊ မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်းသည် အစီးရေ ၁၀၀၀ ခန့် ဝင်ဆံ့သော် လည်း နေ့စဉ် စီးရေ ၉၀၀ ကျော်သာ ဝင်ထွက်ခြင်းကြောင့် ယာဉ် အသွား အလာ ပိတ်ဆို့မှု မရှိကြောင်း မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment