13.7.13

Facebookက Toolအသစ် တစ်ခုဖန်တီး

ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက အမေရိကန် နိုင်ငံ ဗာဂျီးနီးယားမှာ Facebook Accountတွေ အတိုက်ခိုက်ခံခဲ့ရတာ မှတ်မိသေးရဲ့လားဗျာ။ Facebook ရဲ့ တာဝန်ရှိသူတွေက CPU Utilization ကို ရာနှုန်းပြည့်သုံးပြီး ဖြေရှင်း လိုက်တော့ ပြေလည် သွားခဲ့တာလေ။ ဒီဖြစ်ရပ်ကြောင့်လဲ Software အင်ဂျင်နီယာတွေက ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခု ကို ထပ်မံလုပ်ဆောင်ဖို့၊ လိုအပ်ရင် ပူးပေါင်း လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ တိုင်ပင်ဆွေးနွေး လုပ်ဆောင်ခဲ့ကြပါတယ်။


ဒီထဲမှာ အသစ်လုပ်ဆောင်မယ့် Toolသစ်ဟာ ပြင်ပ သတင်း အချက် အလက်တွေ ဖြစ်တဲ့ အပူချိန်တွေ၊ စွမ်းအင် သုံးစွဲမှုတွေ၊ CPU, Storageနဲ့ Memoryအကြောင်းတွေကို Accountထဲထိအောင် ဆွဲခေါ်ကြည့်နိုင်မှာ ဖြစ် ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကလဲ Facebookဟာ သူ့ရဲ့ Data Center Infrastructure Management (DCIM)အကြောင်း ထုတ်ပြန်ကြေညာ ထား ခဲ့ပြီး အဆိုပါ စနစ်သစ်ဟာ Dataတွေကို စုစည်းမှုဆိုင်ရာတွေ လုပ်ဆောင်ပေးနိုင် မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ Toolအသစ်ဟာ နည်းလမ်းနှစ်မျိုးနဲ့ သုံးစွဲသူတွေကို ကူညီပေးနိုင်မှာ ဖြစ်ပြီး အင်ဂျင်နီယာတွေ အတွက် အချိန်ကုန် သက်သာစွာ လုပ်ဆောင်ဖန်တီးနိုင်မှာ ဖြစ်ကြောင်းနဲ့ ယခင်က ၁၂နာရီကြာအောင် လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေကို နာရီဝက်နဲ့ပြီးအောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Facebookဟာ အဆိုပါ Toolအသစ်ကို လာမယ့် ဇန်န၀ါရီလလောက်မှ အသုံးပြုနိုင်အောင် ဖန်တီးသွားမယ်လို့ သိရပြီး လူအများသုံးစွဲနိုင်အောင် လည်း ဖြန့်ချိမှုများ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သုံးစွဲ သူများဘက်ကလည်း အဆိုပါToolအသစ်နဲ့ ပတ်သက်ပြီး အတွေးအခေါ်ဆိုင် ရာ အကြံပြုချက်များ ပေးနိုင်ကြောင်း ကုမ္ပဏီက ကြေညာထားတာ လည်း တွေ့ ရ ပါတယ်။

Ref : http://gigaom.com/2013/07/12/facebook-builds-a-tool-to-manage-data-on-both-facilities-and-servers/

Myanmar ICT

0 comments:

Post a Comment