13.7.13

H7N9 ရောဂါပိုး တစ်ကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာ ရှိကြောင်း သိပ္ပံပညာရှင်များ ပြောကြား

H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုးသည် လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက် ပျံ့နှံ့နိုင်သည့် အလားအလာရှိပြီး တစ်ကမ္ဘာလုံးသို့ ကူးစက် ပျံ့နှံ့နိုင်ကြောင်း နိုင်ငံတကာ သိပ္ပံ ပညာရှင်များအဖွဲ့က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။


တရုတ်နိုင်ငံတွင် ဇူလိုင် ၁ဝ ရက်အထိ H7N9 ရောဂါပိုး ကူးစက်ခံရသူဦးရေ သည် ၁၃၂ ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် ၄၃ ဦး သေဆုံးခဲ့ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များ ၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ပြောကြားခဲ့သည်။

H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုးသည် သွင်ပြင် လက္ခဏာ အမျိုးမျိုး ရှိပြီး တစ်ကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာရှိကြောင်း၊ ထို့ကြောင့် အနီးကပ် စောင့်ကြည့် လေ့လာရန် လိုအပ်ကြောင်း နိုင်ငံတကာ သိပ္ပံအဖွဲ့မှ ကျွမ်းကျင်ပညာရှင် ယိုရှီဟီရို ကာဝါအိုကာ၏ ပြောကြားချက်ကို ကိုးကား၍ နေ့စဉ်ထုတ် သိပ္ပံစာစောင်တွင် ဖော်ပြထားသည်။

H7N9 ရောဂါပိုး သည် မြွေပါများနှင့် မျောက်များကဲ့သို့ နို့တိုက် သတ္တဝါမျိုး စိတ်များတွင် ကူးစက်ပျံ့နှံ့၍ မျိုးပွားနိုင်စွမ်းရှိကြောင်း သုတေသနပညာရှင် များက လေ့လာ တွေ့ရှိခဲ့သည်ဟု သိရသည်။ ဝစ်ကွန်စင်- မေဒီဆင် တက္ကသိုလ်နှင့် တိုကျို တက္ကသိုလ်မှ သိပ္ပံပညာရှင်များ အဖွဲ့သည် ဗိုင်းရပ်စ်ပိုး နမူနာများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြပြီး ၎င်းတို့၏ တွေ့ရှိ ချက်များကို Nature မဂ္ဂဇင်းတွင် ဇူလိုင် ၁ဝ ရက်က ထုတ်ဖော် ရေးသား ခဲ့ကြသည်။

မြ၀တီ

0 comments:

Post a Comment