13.7.13

ပြည်ပပို့ ပဲအချို့ ဈေးပြန်လည် မြင့်တက်

မြန်မာနိုင်ငံ၏ ပဲမျိုးစုံ အဓိက ဝယ်လက်ကြီး တစ်ခုဖြစ်သော အိန္ဒိယနိုင်ငံ ပဲစိုက်ပျိုး ရာ ဒေသ များ တွင် မိုးများရေလျှံမှု များ ဖြစ်ပွား ခဲ့ခြင်းကြောင့်
ဈေးအေးနေသည့် ပြည်ပပို့ပဲ အချို့ ဈေးပြန်မြင့် တက်လာ ကြောင်း မြန် မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်း ကိုဦးက ပြောကြားသည်။


ဇွန်လကုန်ပိုင်းခန့်က အိန္ဒိယဈေးကွက်သို့ ပဲမျိုးစုံတင်ပို့မှု များသွား သည့်အတွက် ဈေးချဝယ်ယူခဲ့ရာ ပဲစင်းငုံ သင်္ဘောတင် FOB တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၀ ခန့်နှင့် မတ်ပဲ FOB တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၄၉၀ ခန့် ဈေးပေါက်ခဲ့ကြောင်း ရန်ကုန် အခြေစိုက် ပြည်ပပို့ ပဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အိန္ဒိယနိုင်ငံ၏ ပဲစိုက်ပျိုးရာ ဒေသများ၌ ဖြစ်ပွားခဲ့သော မိုးများရေကြီးမှု များ ဖြစ်ပွားပြီး နောက်ပိုင်းတွင် အိန္ဒိယ ပဲကုန်သည်များသည် မြန်မာနိုင်ငံမှ တင်ပို့သည့်ပဲများကို ဈေးတိုးပေး၍ ဝယ်ယူလာရာ ဇူလိုင်လ ၁၂ ရက်နေ့ ပေါက်ဈေးအရ ပဲစင်းငုံ FOB တစ်တန်၏ ပေါက်ဈေးသည် အမေရိ ကန်ဒေါ်လာ ၆၀၅ ဒေါ်လာနှင့် မတ်ပဲတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၀ ထိ ဈေးပေးဝယ်လျက် ရှိသည်ဟု ဦးမင်းကိုဦးက ဆိုသည်။

“ဟိုရက်က ရူပီးဖောင်းပွတာရယ်၊ မုတ်သုံလည်းရမယ်ထင်ပြီး အဝယ်ပျော့ သွားတာ။ အခုရာသီဥတုကြောင့်ပဲ အထွက်ကို ချိန်ပြီး ဈေးပေးဝယ်လာ တာ။ ပြန်ဝယ်တာ နှစ်ရက်လောက်ပဲ ရှိသေးတယ်” ဟု ရန်ကုန်မြို့တော် အခြေစိုက် ပြည်ပပို့ ပဲကုန်သည်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အိန္ဒိယဘက်မှပဲ ဈေးနှုန်းမြှင့် ဝယ်ယူလာခြင်းသည် အဆိုပါနိုင်ငံ၏ ရာသီဥတု အခြေအနေ အပါအဝင် မြန်မာနိုင်ငံမှ တင်ပို့သည့်ပဲများကို အခွန်ကောက်မည်ဆိုသော သတင်းကြောင့် အိန္ဒိယနိုင်ငံထွက်ပဲများ ဈေးမြင့်လာကာ မြန်မာပဲများပါလိုက်၍ ဈေး
တက်လာခြင်းကြောင့် ဖြစ်သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင်အခြေ
စိုက် ပဲကုန်သည် ဦးမြတ်စိုးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment