တောင်ကိုရီးယား Hyundai ကုမ္မဏီမှထုတ်တဲ့ Veloster ဖြစ်ပါတယ်။ ၂၀၁၃ မော်ဒယ်ကို မိတ်ဆက်ပြီး ဈေးကွက်ဖြန့်ချိနေပါပြီ။
အင်ဂျင်အရွယ် ၁၆၀၀ စီစီ တာဘိုအင်ဂျင်တပ် အရွယ်အလတ်ကား ဖြစ်ပြီး Family အတွက် ရည်ရွယ်ထုတ်တယ်လို့ ဆိုပါတယ်။ မြို့ တွင်း အသုံးပြုရန် အတွက်ပါ။ ဆီစားနှုန်းက ၂၄ မိုင်မှာ ၁ ဂါလံ ဖြစ်ပါတယ်။ Maza , Mini Cooper တို့လို ကားများနဲ့ ယှဉ်ပြိုင်ရမယ့် အမျိုးအစား ဖြစ်ပါတယ်။

တံခါး ၂ ပေါက်ထဲပါပဲ။ သို့ပေမယ့် လေးဦးဆန့်တဲ့ကား ဖြစ်ပါ တယ်။ နောက် မှာ Hatchback က သိပ်မကျယ်ပါဘူး။ လက်ရှိ ဆူဇူကီးက ထုတ်နေတဲ့ Swift တွေလို ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဈေးနှုန်းကျတော့ သက်သာ မယ်လို့ ဆိုပါတယ်။ လက်ရှိ ဂျပန် Brand ဆူဇူကီးနဲ့ ဗြိတိန် Brand - Mini Cooper တို့ထက် အသက်သာဆုံး ဈေးနှုန်းနဲ့ ဈေးကွက်ဖြန့်ချိတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile
0 comments:
Post a Comment