2.9.13

မလေးရှား၌ တရားမ၀င် နေထိုင်သူများအား အထူးစီမံချက်ဖြင့် စတင်ဖမ်းဆီးသည့် ပထမနေ့တွင် မြန်မာအပါအ၀င် ၇၁ ဦး ဖမ်းဆီးခံရ

မလေးရှား အစိုးရက နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစ၍ အထူးစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာတွင် စတင်ဖမ်းဆီးသည့် ပထမနေ့၌ မြန်မာနိုင်ငံသားများ အပါအ၀င် ၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။


ဖမ်းဆီးခံရသူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံများမှ အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၁၁ ဦး ပါဝင်ပြီး နေထိုင်ခွင့် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှု၊ အလုပ်လုပ်ခွင့် ပါမစ်အတုနှင့် နိုင်ငံတွင်း သက်တမ်းကျော် နေထိုင်မှုများဖြင့် ဘူခစ်ရာဂျာ၊ ကလန်းနှင့် ဒန်ကေးမြို့များရှိ ၎င်းတို့နေထိုင်သည့် အိမ်များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အထူးစီမံချက်ဖြင့် အဆိုပါ မြို့များ၌ ဖမ်းဆီးခဲ့မှုတွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့၊ အမျိုးသား မှတ်ပုံတင် ဌာနတို့မှ ၀န်ထမ်းပေါင်း ၁၅၀ ပါဝင်ခဲ့ကြောင်း သိရသည်။

သုံးလကြာ ဆက်တိုက်ပြုလုပ်မည့် ယခုစီမံချက်အရ ဖမ်းဆီးခံရသည့် တရားမ၀င် နေထိုင်သူများအား နေထိုင်ခွင့် မှတ်ပုံတင်ရေးနှင့် မိမိတို့ အစီအစဉ်ဖြင့် နေရပ်ပြန်စေခြင်းတို့ကို ခွင့်မပြုဘဲ မလေးရှား အစိုးရက သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း

Read More....

http://www.myanmaronlinenews.net/2013/09/blog-post_7330.html

0 comments:

Post a Comment