2.9.13

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ လက်နက်ကိုင်တော်လှန်ရေး သည် မြန်မာ့လွတ်လပ်ရေးနှင့် အတူတူ မွေးဖွားလာခဲ့ခြင်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကတည်းက လွတ်လပ်ရေးရခဲ့ သော် လည်းလက်ရှိ အချိန် ထိ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေကြပြီး စစ်ဘေးစစ်ဒဏ်ကို ခံနေကြရပါတယ်။ ငြိမ်းချမ်းမှုရှိမှ တိုင်းပြည်တိုးတက် မည်ကို မသိတာလား၊
တခြားသူတွေရဲ့ သွေးထိုးမှုတွေကို နားယောင်ပြိး ညီရင်းအစ်ကို အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြပြီး အဓိကခံ စားနေရတာ ကတော့ ဖြစ်ပွားနေတဲ့နေရာဒေသမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးတွေဘဲဖြစ်ပါတယ်။ ဘာကြောင့် မငြိမ်းချမ်းရတာလဲ??? ဘာကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တိုက်ခိုက်နေရတာ လဲ??? နိုင်ငံ၏အရေးကို လက်နက်နဲ့ဘဲဖြေရှင်း နေကြ တာလား????
ယခုကမ္ဘာ့နိုင်ငံငယ်များကို နိုင်ငံကြီးများက ကျူးကျော်သိမ်းပိုက်မှု မရှိသော်လည်း စီးပွားရေး အရ ချယ်လှယ်နိုင်အောင်အမျိုးမျိုး လုပ်ဆောင်နေကြပါတယ်။

ကျုပ်တို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ စည်းလုံးပြီး လုပ်ဆောင်နိုင်ငံတဲ့ အချိန်တွေမှာ အရှေ့တောင်အာရှမှာ လက်မထောင် နေနိုင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့သလို အချင်းချင်း စည်းလုံးမှုမရှိတဲ့အတွက်လည်း ဒုက္ခအမျိုးမျိုးရောက်ခဲ့ကြရပါတယ်။ အခုလက်ရှိလည်း အချင်းချင်း ယုံကြည်မှုမရှိဘဲ အချင်းချင်းလက်နက်ဆွဲကိုင် တိုက်ခိုက်နေတုန်းပါဘဲ။
တိုက်ခိုက်နေတာ ဘယ်သူ့အတွက်အကျိုးရှိလဲ။

တဖက်နဲ့တဖက်တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေး ရ၊ စီးပွားရေးလုပ်ငန်းတွေ စွန့်ခွာထွက်ပြေးရ၊ သလို တဖက်နဲ့တဖက် တိုက်နေကြ တဲ့ လက်နက်တွေကျည်တွေက ဘယ်ကငွေနဲ့ ၀ယ်ယူထုတ် လုပ်နေသလဲ ဒီတိုင်းပြည်သယံဇာတ ဆီကနေဘဲ ၀ယ်ယူသုံးစွဲပြီး ညီအစ်ကိုအချင်းချင်း တိုက်ခိုက်နေကြတာဖြစ် ပါတယ်။ ပြည်တွင်း စစ်ကြီးမရှိရင် အဲဒီငွေတွေနဲ့ နိုင်ငံကို ပိုပြီးကာကွယ်နိုင်သလို နိုင်ငံတော်ကြီး အတွက်ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်နိုင်မှာ ပဲဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်း ၁၃၅မျိုးရှိပြီး အားလုံးဟာ ရှေ့ယခင်က တည်းက အတူတူ နေထိုင် လာကြပြီး မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အချင်းချင်းပူးပေါင်းပြီး မြန်မာနိုင်ငံတော်ကြီး ကောင်းစား တိုးတက်ရေးအ တွက် မတူတာတွေဘေးကိုဖယ်ပြီး အချင်းချင်း သည်းခံခွင့်လွှတ် ကာ မြန်မာ့ နိုင်ငံရေးအတွက် လုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ မကြာခင်တိုးတက်လာမယ့် အနေအထားမျိုးမှာ ရှိနေပါတယ်။
တစ်ယောက်နဲ့တစ်ယောက် တိုင်းရင်းသားလူမျိုးတစ်မျိုးနဲ့ တစ်မျိုး အပြစ်ရှာနေလို့ မထူးတော့တဲ့ အနေအထားမျိုးမှာ ဖြစ်နေပါပြီး၊ ကချင်၊ကယား၊ ကရင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်းစတဲ့ လူမျိုးကြီးတွေက လူမျိုး တစ်မျိုးနဲ့တစ်မျိုး မကောင်းဘူးလို့ ပြောနေကြတယ်။

တိုင်းရင်းသားအားလုံးက ဘယ်သူမှ အားလုံးကောင်း နိုင်တယ် ဆိုတာမရှိပါဘူး။ ဆိုးတဲ့သူက ဆိုးမှာပါဘဲ။ အားလုံးတော့မဆိုးပါဘူး၊ ကချင်ကိုမကောင်းပြောရင် ကချင်တွေကမခံနိုင်သလို အခြားတိုင်း ရင်းသားတွေလဲ သူတို့လူမျိုးကို မကောင်းပြောရင် ဘယ်သူမှ လက်မခံ ကြ ပါဘူး။ ဒါကြောင့်မို့ ဘယ်တိုင်းရင်းသားဘဲဖြစ်ဖြစ် မိမိလူမျိုးမှလွဲရင် အခြားတိုင်းရင်းသားတွေကို မကောင်းဘူး ပြောတာထက် မကောင်းတဲ့ သူတွေကို ကောင်းအောင်စေတနာနဲ့ ၀ိုင်းဝန်းပြုပြင်ပြီး အချင်းချင်း စည်းလုံးစွာနဲ့ နိုင်ငံအရေးကို ပူးပေါင်းပြီး လက်တွဲလုပ်ဆောင်သင့်ပါတယ်။

ညီအစ်ကိုအချင်းချင်း တိုက်ခိုက် သတ်ဖြတ်နေမယ့်အစား စုပေါင်းလက် တွဲပြီးအခြားသူတွေရဲ့ အနိုင်ကျစိုးမိုးမှုမှ ၀ိုင်းဝန်းကာကွယ်သင့်ပါတယ်။
မြန်မာပြည်ကြီးမှာ သယံဇာတတွေပေါကြွယ်ဝစွာ တည်ရှိနေပေမယ့်လည်း လူမျိုးစုတစ်ခုနဲ့တစ်စု အမြင်မကြည်လင်ဖြစ်မှုတွေကြောင့် နိုင်ငံခြားတို့ တင်ပို့ ရောင်းချမှုများရှိသော်လည်း ရသင့်သည့် ဈေးနှုန်းထက် အဆပေါင်း များစွာ နည်းပြီး အခြားနိုင်ငံတွေကိုရောင်းနေရပြီး ရသင့်တာမရဘဲ ရောင်း ချနေ ရသလို နိုင်ငံရဲ့ လူတော်လူကောင်းတွေလည်း ကိုယ့်နိုင်ငံကို အကျိုးမပြုဘဲ အခြားနိုင်ငံကိုအကျိုးပြုနေကြရတာ ရင်နာလို့ မဆုံးတဲ့ ဖြစ်ရပ်တွေပါ ဒါတွေဟာ တိုင်းရင်းသားအချင်းချင်း ညီညွှတ်မှုမရှိဘဲ တိုက်ခိုက်နေကြလို့သာဖြစ်ပွား နေတာ ဖြစ်ကြောင်း ယူဆ ထင်မြင်ပါတယ်။

အချင်းချင်းတိုက်ခိုက်မှုတွေကိုရပ်ဆိုင်းပြီး တိုင်ပြည်ကြီးကိုတိုးတက်အောင် တိုင်းရင်းသားလူမျိုး အားလုံး စုပေါင်းပြီးလုပ်ဆောင်မယ်၊ အချင်းချင်းညီညီ ညွှတ်ညွှတ်ရှိမယ်ဆိုရင် မြန်မာနိုင်ငံတော်ကြီး အချိန် တိုအတွင်း အလျင် အမြန်တိုးတက်လာမှဖြစ်ပါတယ်။ အမြင်မကြည်လင်မှုတွေကိုဘေးဖယ်ပြီး စုပေါင်းပြီး နိုင်ငံတော်ကြီးတိုးတက်အောင်လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံတော်ကြီးတိုးတက်ပါက နိုင်ငံအတွင်းမှာ နေထိုင် နေကြတဲ့ ကချင်၊ ကယား၊ကရင်၊ ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စတဲ့ လူမျိုးစုတွေအား ကြွယ်ဝချမ်းသာမှာဖြစ်တဲ့ အတွက် နိုင်ငံတော်ကြီးအေးချမ်းသာယာအောင် တိုင်းရင်းသားအားလုံး ၏ ခေါင်းဆောင်များက ၀ိုင်းဝန်းပေါင်းစု ပြီး တိုင်ပင်းဆွေးနွေး လုပ်ဆောင် သင့်ပါတယ်………………………..

တိုင်းရင်းသားနိုင်ငံခေါင်းဆောင်များအားလုံးသို့
(မောင်ထက်မြတ်)

Thu Lay Chit (Facebook)

0 comments:

Post a Comment