3.10.13

ရန်ကုန်တွင် အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်

ရန်ကုန် ၊ အောက်တိုဘာ ၃ ။ ။ ရန်ကုန်တွင် အင်တာ နက်လိုင်း များမြန်ဆန်လာစေရန် လိုင်းထပ်မံ တိုးချဲ့ မည်ဖြစ်သော ကြောင့် လိုင်း များခေတ္တပြတ် တောက် မည်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သတင်း အချက် အလက်နှင့်နည်းပညာ ဌာနမှသိရသည်။

ှုISP နက်ဝေါ့ခ်နှင့်ချိတ် ဆက်ထားသည့် POP(Post Office Protocol) များကိုလိုင်း အသစ်တပ်ဆင်ချိတ်ဆက်မည် ဖြစ်သောကြောင့် ယင်းသို့ လုပ်ဆောင် နေသည့် အချိန်တွင် အင်တာနက် ယာယီပြတ် တောက် မည်ဖြစ်ကြောင်းသိရ သည်။

''အင်တာနက်လိုင်းတွေ ကောင်းဖို့စက်တွေကလိုအပ် ချက်ရှိလာတဲ့ အတွက်အင်အား ထပ်ဖြည့်မှာဖြစ်ပါတယ်၊အသစ် နဲ့အဟောင်းပြန်ချိတ်တဲ့ အခါမှာ လိုင်းတွေမိနစ်ပိုင်းပြတ်တောက် မှာပါ၊လုပ်ငန်းဆောင်ရွက်ပြီး တာနဲ့တော့လိုင်းတွေပြန် ဖွင့် ပေးမှာပါ၊'' ဟုသတင်း အချက်အလက်နှင့် နည်းပညာ ဌာနတာဝန်ရှိသူတစ်ဦးကပြော သည်။



ယင်းသို့လုပ်ငန်းဆောင် ရွက်မည့်အောက်တိုဘာ၅ရက် နေ့တွင်ဟံသာဝတီ POP တွင် မွန်းလွဲ၂နာရီမှ၂နာရီ၁၅မိနစ်ထိ လည်ကောင်း၊၈ရက်နေ့ မိုဘိုင်း POP တွင်မွန်းလွဲ၂နာရီ မှမွန်းလွဲ ၂နာရီ၁၅မိနစ်အထိ လည်းကောင်း၊ မရမ်းကုန်း POP တွင်၂နာရီ၁၅မှ၂နာရီ၃၀ မိနစ်အထိလည်းကောင်း ၊မောင် ထော်လေးPOP တွင်မွန်းလွဲ မွန်းလွဲ၂နာရီ၃ဝမှ၂နာရီ၄၅မိနစ် အထိလည်းကောင်း။အောက်တို ဘာ၉ရက်တွင်MICT POP တွင်မွန်းလွဲ၂နာရီမှ၂နာရီ ၁၅မိနစ်အထိ လည်းကောင်း အင်တာနက်ပြတ်တောက်မည် ဖြစ်သည်ဟုသိရ သည်။

ဖူးပွင့်သော်
Yangon Media Group

0 comments:

Post a Comment