3.10.13

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် စာရင်း၌ ပူတင်လည်းပါဝင်လာဖွယ်ရှိ

ဆီးရီးယား ပဋိပက္ခဆိုင်ရာ သံခင်းတမန်ခင်းလှုပ်ရှားမှုများကြောင့် ၂၀၁၃ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အမည်စာရင်း ပေးသွင်းရန် သြဇာ တိက္ကမကြီးမားသော ရုရှားနိုင်ငံသား အဖွဲ့တစ်ဖွဲ့က စီစဉ်ထားကြောင်း အောက်တိုဘာ ၁ရက် သတင်းများတွင် ဖော်ပြထားသည်ဟု သိရသည်။ သမ္မတပူတင်ကို ၂၀၁၃ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ထည့်သွင်းစဉ်းစားပေးရန် အကြံပြုထားသည့် စာတစ်စောင်ကို နိုဗယ်လ်ဆုအတွက် ထည့်သွင်း စဉ်းစားပေးရန် အကြံပြုထားသည့် စာတစ်စောင်ကို နိုဗယ်လ်ဆု ရွေးချယ်ရေး ကော်မတီသို့ စက်တင်ဘာ ၁၆ရက်ကပင် ပေးပို့ထားပြီးဖြစ်ကြောင်း အထက်ပါ ရုရှားနိုင်ငံသားအုပ်စုက ပြောကြားခဲ့ခြင်းဖြစ်သည်။


သမ္မတပူတင်သည် ဆီးရီးယားပိုင် ဓာတုလက်နက်အားလုံး နိုင်ငံတကာထိန်းချူပ်မှုအောက် ထားရှိရေးအတွက် သဘောတူချက်ရယူရာတွင် ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး ကမ္ဘာစစ်တစ်ခုထပ်မံဖြစ်ပွား လာနိုင်သည့်အရေးကို လမ်းလွှဲပေးနိုင်ခဲ့ရာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုနှင့် ထိုက်တန်သူဖြစ်ကြောင်း၊ နာမည်ကျော် ရုရှား အဆိုတော်တစ်ဦးက ပြောသည်။ အမေရိကန် သမ္မတအိုဘားမား အဆိုတော်တစ်ဦးက ပြောသည်။ အမေရိကန် သမ္မတအိုဘားမားနှင့်စာလျှင် နိုဗယ်လ်ဆုမှာ သမ္မတပူတင်နှင့် ပိုမို ထိုက်တန်ကြောင်း၊ သမ္မတပူတင်သည် စစ်ပွဲကို တားဆီးရန် ကြိုးပမ်းခဲ့သကဲ့သို့ နိုင်ငံရေးအရ အဖြေရှာရေးကိုလည်း အဆိုပြုခဲ့သူဖြစ်ကြောင်း ၄င်းရုရှားအဆိုတော်က သုံးသပ်ခဲ့သည်။

ယခုနှစ် သြဂုတ်လအတွင်း ရုရှားသမ္မတပူတင်သည် အမေရိကန် သမ္မတအိုဘားမားအား ၄င်းရရှိထားသော ငြိမ်းချမ်းရေး နိုဗယ်လ်ဆု၏ မျက်နှာကိုထောက်ရန်နှင့် အသေအပျောက်များ ရှောင်လွှဲနိုင်ရေးအတွက် ဆီးရီးယားပဋိပက္ခ၌ စစ်ရေးအရ ၀င်မစွက်ဖက်ရန် တိုက်တွန်းခဲ့သည်။ နိုဗယ်လ်ဆု ရွေးချယ်ရေး ကော်မတီထံအကြံပေးစာ ပေးပို့မှုသတင်းကို သမ္မတပူတင်လည်း ကြားသိထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု အမည်စာရင်းပေးသွင်းမှုကို ၄င်းအတွက် လုပ်ဆောင်ပေးရန် သမ္မတပူတင်က တိုက်တွန်းခဲ့ဖူးခြင်းမရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။

Myanmar ICT

0 comments:

Post a Comment