3.10.13

ဖက်ဒရယ်ဆိုပြီး နားလှည့်ပါးရိုက်မလုပ်ပါနဲ့

ယနေ့မီဒီယာပေါ်တွင် ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပွက်လောရိုက်နေပါတယ်။ ကျွန်တော်လည်း ဖက်ဒရယ်ကို လက်ခံပါတယ်။ ဘာကြောင့်လက်ခံရလဲဆို ရင် ကျွန်တော်တို့နိုင်ငံတွင် လူမျိုး၊ ဓလေ့ထုံးစံမတူသည့် တိုင်းရင်းသား များနှင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်လို့ ဖက်ဒရယ်ကိုလက်ခံရခြင်းဖြစ်ပါတယ်။ ဖက်ဒရယ်မှာ ပြည်ထောင်စုစစ်စစ် နိုင်ငံနဲ့ တစ်ပြည်ထောင်စနစ်နဲ့ တူသော ပြည်ထောင်စုနိုင်ငံဆိုပြီး (၂) မျိုးရှိ ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဗဟို အစိုးရကနေ ချုပ်ကိုင်ထားတဲ့အာဏာတွေများသည့်အပြင် ကြွင်းကျန် သည့်အာဏာ (Residure Power) ကိုလည်းဗဟိုအစိုးရမှာပဲထားသည့်အ တွက် တစ်ပြည်ထောင်စနစ်နဲ့တူသော ပြည်ထောင်စုနိုင်ငံလိုမျိုး ဖြစ်ပါတယ်။


အာဏာ ရှင်စနစ်ကနေဖက်ဒရယ်နိုင်ငံစနစ်ကို ပြောင်းလဲတာဖြစ် သည့်အတွက် ဒီလိုအနေအထားကို စတင်ပြောင်းလဲတာ တော့ ပြည်သူတွေ အနေနဲ့ လက်ခံကြမယ် ထင်ပါတယ်။အမေရိကန်လို ပြည်ထောင်စုစစ် စစ်နိုင် ငံမျိုးသွားဖို့တော့ အချိန်ယူရပါဦးမယ်။ ဒီမိုကရေစီစနစ်ဖြင့် နှစ်ပေါင်း ရာချီပြီးလျှောက်လှမ်းပြီးမှ ယနေ့အမေရိကန်နိုင်ငံဖြစ်လာတာပါ။ ဒီလိုနိုင်ငံမျိုးမှာတောင်ကာကွယ်ရေးနဲ့ နိုင်ငံရေး စသည့်အာဏာတွေကို ဗဟိုအစိုးရကပဲ ချုပ်ကိုင်ထားတာပါ။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းတာ ၃ နှစ်သားတောင် မပြည့်သေးပါဘူး။

ယနေ့ အမေရိကန်လို ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်လိုမျိုး တောင်းဆိုနေ တာတွေကိုကြည့်ပြီးတော့ အတွေးတစ်ချက်ဝင်မိပါတယ်။ ၃ နှစ်သားကလေး ကို (၁၀)တန်းစာမေးပွဲ ဖြေခိုင်းသလိုဖြစ်နေပါတယ်။ ဖြစ်နိုင်သမျှကို ပဲတောင်းဆိုသင့်တယ်လို့ ယူဆပါတယ်။ ဒါမှသာ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်မူနဲ့ ပြည်ထောင်စုစစ်စစ်နိုင်ငံ တည်ဆောက်သွားနိုင်မှာပါ။ ဒီမိုကရေစီရဲ့ အလေ့အထတွေဖြစ်သည့် တာဝန်ယူမှု၊ တာဝန်သိမှုဆို တာတွေသည် အစိုးရအုပ်ချုပ်သူများတွင်သာ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ ထူထောင် ချင်သည့် ပြည်သူပြည်သားအားလုံးမှာပါ ရှိရပါမည်။

ဝဲကြီးကျေးရွာတွင် ရဲကို ရွာသားကဖမ်းဆီးတဲ့ကိစ္စတွေ၊ မိတ္ထီလာပဋိပက္ခတွေ စသည့်ဖြစ်စဉ်များသည် ပြည်သူပြည်သားအားလုံး ဒီမိုကရေစီရဲ့ အလေ့အ ထတွေ နဲ့ မယဉ်ပါး သေးဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ ပြုပြင်သွားရမှာပဲ ဖြစ်ပါတယ်။တိုင်းရင်းသားလက်နက် ကိုင်တွေအနေနဲ့ကလည်းဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူကိုလည်းသွားချင်တယ်၊ ကာကွယ်ရေးနဲ့ နိုင်ငံရေးကိုလည်း လက်ထဲမှာဆုပ်ကိုင်ထားချင် တယ်။ ပြည်နယ်အလိုက် ကိုယ်ပိုင်လက်နက်ကိုင် တပ်တွေ ထားချင်တယ်။ လက်နက်ကိုင်တပ်တွေကိုလည်း ပြည်နယ်အုပ်ချုပ်မှုအောက်မှာပဲ ထားချင်တယ်။ ပြည်ထောင်စုကြီးက ဘယ်တော့မှခွဲမထွက်ပါဘူး ဆိုပြီးပြောတယ်။

သို့သော်လည်းတောင်းဆိုနေတာတွေကခွဲထွက်ဖို့ လမ်းကြောင်းကိုဦး တည်နေ တာတွေ ဖြစ်နေတယ်။ တပ်မတော်ဘက်က ယုံကြည်စ ရာအကြောင်း ရှိပါ့မလား စဉ်းစား စေချင်တယ်။ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တွေအနေနဲ့ ပြန်ဆန်းစစ်စေချင်ပါတယ်။ တကယ်တမ်း ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေအကျိုးအတွက်လား၊ မိမိတို့မိသားစုတွေ ကောင်း စား ဖို့လားဆိုတာစဉ်းစားပါ။ ငြိမ်းချမ်းရေး နဲ့ ပြည်သူ့အကျိုးအတွက်ဆို ရင်တော့ ဖက်ဒရယ်ကိုယူပြီး လက်နက်တွေကို စွန့်ပစ်ဖို့လိုပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မူကိုလည်း လိုချင်တယ်၊ လက်နက်တွေလည်း မစွန့်လွှတ်ချင်ဘူး ဆိုရင်တော့ သီးခြား လွတ်လပ်သော နိုင်ငံထူထောင်မယ်လို့သာ ပြောလိုက်ပါ။ ပြည်သူတွေကို မလှည့်စားပါတော့နဲ့။ အမေရိကန်လို နိုင်ငံမျိုးတောင် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရရှိချိန်မှာ(၁၃)ပြည်နယ်ရှိပြီး တစ်ပြည်ထောင် ချင်းအစိုးရ တစ်ခုစီသွားနေပါက နွားကွဲရင်ကျားဆွဲမှာစိုးလို့ ဖက်ဒရယ်မူနဲ့သွားတာပါ။ ပြည်နယ်အလိုက် လက်နက်ကိုင်တပ်တွေ မရှိပါဘူး။ ဗဟိုအစိုးရကပဲ ချုပ်ကိုင်တာပါ။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေအနေနဲ့ ဒီနေ့ခေတ် ပြည်သူတွေသည် မညံ့တော့ပါဘူး။ လက်နက်မစွန့်ချင်သည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် ဖက်ဒရယ်ဆိုတဲ့ အမည်လှလှလေးသုံးပြီး နားလှည့်ပါးရိုက်တော့ မလုပ်ပါနဲ့လို့ ရေး သားလိုက်ရပါတယ်။

အောင်ဝင်း
မြန်မာ့သားကောင်း

0 comments:

Post a Comment