3.10.13

အချုပ်သားများ၏ ကျွေးမွေးစရိတ် တိုးမြှင့်ပေးရန် လွှတ်တော်တွင် တောင်းဆို

အ ချုပ်သားများအတွက် တစ် ရက် ကျွေးမွေး စရိတ် ကျပ်၄၈ဝကျော် သာရှိသည့်အတွက် တိုးမြှင့်ပေး ရန် သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် က တောင်းဆိုလိုက်ကြောင်း သိရ သည်။

ရဲစစ်ဆေးစဉ်ကာလအတွင်း အချုပ်ကျ တရားခံများ၏ ကျွေး မွေးစရိတ်အား တစ်ရက်လျှင် ကျပ် ၄၈၀၊ ၈၂ပြားသာရှိသည့် အတွက် တိုးမြှင့်ပေးရန် အစီအစဉ် ရှိမရှိမေးမြန်းရာ ထိုစရိတ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ဘတ် ဂျက်အရသာ ဆောင်ရွက်ပေးရ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ဖြေကြားသည်။


အောက်တိုဘာ ၁ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဇော်ဝင်းနိုင် ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ် ရဲစခန်းများတွင် ရဲစစ်ဆေး စဉ်ကာလအတွင်း အချုပ်ကျ တရားခံများအား ထမင်းကျွေး မွေး စရိတ်ကို တိုးမြှင့်ပေးရန် အစီ အစဉ်ရှိမရှိနှင့် ရှိပါက မည်သည့် ကာလတွင်တိုးမြှင့်မည်ကို သိရှိ လိုကြောင်း မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးနှင့် နယ်စပ်ရေး ရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ''အချုပ် သား ကျွေးမွေးစရိတ်အား တိုးမြှင့်ထုတ်ပေးမည့်အစီအစဉ် သည် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြည် ထဲရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက် အရသာ ဆောင်ရွက်နိုင်တဲ့ကိစ္စဖြစ် ပါတယ်''ဟု ပြန်လည်ဖြေကြား ခဲ့သည်။

အချုပ်သားတစ်ဦးလျှင် ကျွေးမွေးစရိတ်မှာ ၂၀၁၁ခုနှစ် မတ် ၆ရက်မှစတင်၍ တစ်နပ် လျှင် ကျပ်၂၄၀၊ ၄၁ပြားနှုန်းဖြင့် တစ်ရက်လျှင် ကျပ် ၄၈၀၊ ၈၂ပြား နှုန်းဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ကျွေးမွေးရန် ခွင့်ပြုချက်ချ ထား ပေး ခဲ့ကြောင်း၊ ယင်းကာလမတိုင် မီက တစ်နပ်လျှင် ၁၅ကျပ်နှုန်း ဖြင့် တစ်ရက် လျှင်ကျပ် ၃ဝနှုန်းဖြင့် ကျွေးမွေးခဲ့ကြောင်း ဆက်လက် ဖြေကြားခဲ့ သည်။

တစ်လလျှင် အချုပ်သား အရေအတွက် မည်မျှထမင်းကျွေး ရကြောင်း အချုပ်သားစာရင်းနှင့် တိုက်ဆိုင်၍ ရဲစခန်းများမှ အဆင့် ဆင့်တင်ပြပြီး ခရိုင်ရဲတပ်ဖွဲ့မှူးက ငွေရကြောင်းပြေစာဖြင့် ထမင်း ကန်ထရိုက်များ ထံသို့ ပေးချေရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ရှင်းပြပြောဆိုသည်။

အချုပ်သားများအားထမင်း ကျွေးမွေးမှုနှင့်ပတ်သက်၍ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့် က နိုင်ငံတော်အနေနှင့် အချုပ်သား များ၏ ထမင်းစရိတ် အား တာဝန် ယူနေသည်ဟုဆိုသော်လည်း လက် တွေ့ အခြေအနေနှင့် ကွာခြားမှု ရှိကြောင်း ပြောဆိုသည်။

ကန်ထရိုက်များထံသို့ ငွေ ပေးချေမှုနှင့်ပတ်သက်၍ ဗိုလ်မှူး ကြီးတင်ဝင်းက ''ဘဏ်တွင် ငွေ စာရင်းဖွင့်နိုင်သည့် ထမင်းကန် ထရိုက်များကို ခရိုင်ရဲတပ်ဖွဲ့မှူး က ချက်လက်မှတ်အစား ငွေစာ ရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ငွေသားနဲ့ထုတ်ပေးပါ တယ်''ဟု ပြောသည်။

Yangon Media Group

0 comments:

Post a Comment