3.10.13

ဂါလာတာစာရေးနှင့်ပွဲတွင် ရသည့်ပင်နယ်တီမှာတရားမျှတမှု ရှိသည်ဟု ဂျူဗင်တပ်တိုက်စစ်မှူး ပြောကြား

ဂျူဗင်တပ် တိုက်စစ်မှူး ဖေဘီယိုကွာဂလီရယ်လာက ဂါလာတာစာရေးနှင့် ၂-၂ သရေကျသည့် ပွဲတွင် ရခဲ့သည့် ပင်နယ်တီမှာ ရာနှုန်းပြည့် တရားမျှ တမှုရှိသည်ဟု ထုတ်ဖော်ဖွင့်ဟလိုက်သည်။ ထိုပင်နယ် တီနှင့် ပတ်သက်၍ ဂါလာတာစာရေး နည်းပြသစ် ရောဘတ်တိုမန်စီနီက ထူးခြားသည့် ဆုံးဖြတ် ချက်ဟု ဆိုခဲ့သော်လည်း ကွာဂလီရယ်လာက ယခုလိုဆိုသည်။

“ကျွန်တော် ဘောလုံးနဲ့အတူ ရွှေ့လိုက်တယ်။ ကျွန်တော့်ပြိုင်ဘက် က ရောက်လာတာ အရမ်းမြန်တယ်။ အဲဒီနောက် ကျွန်တော်လဲ ကျသွား တယ်။ အမှန်တကယ်ကို မဟန်နိုင်တော့လို့ လဲကျသွားတာပါ။ တကယ်ရှင်း လင်းတဲ့ ပင်နယ်တီ ပါ” ဟု ကွာဂလီဂရယ်လာက ဆိုသည်။



ဂျူဗင်တပ် အသင်းသည် အရှုံးအနေအထားမှ လိုက်ကစားခဲ့ပြီး ၂-၁ ဖြင့် ဦးဆောင်နိုင် ခဲ့သော်လည်း အနိုင်ဂိုးရပြီး ၁ မိနစ်အကြာတွင် ဂါလာတာ စာရေးအသင်းက အဖိုးတန်ချေပဂိုး ပြန်ရခဲ့သည်။

“တကယ်ရှက် ဖို့ကောင်းပါတယ်။ ပွဲပြီးဖို့ ၄ မိနစ်အလို မှာ ကျွန်တော် တို့ဦးဆောင်နိုင် ခဲ့တာပါ။ သူတို့အသင်း ကန်ခွင့် ၂ ခါပဲ ရတယ်။ ၂ ဂိုးဖြစ် သွားတယ်။ ဒီပွဲကို ကျွန်တော်တို့ အသင်း အနိုင်ရသင့်ပါတယ်။ ပွဲပြီးဖို့ ၄ မိနစ် အလိုမှာ အနိုင် ဂိုးရပေမယ့် ချေပဂိုးပြန်သွင်းခံလိုက်ရတာက အတော်ဆိုး တယ်။ နည်းပြလည်း စိတ်မချမ်းမမြေ့ ဖြစ်မှာပဲ” ဟု နာပိုလီ တိုက်စစ်မှူးက ဆိုသည်။

ဂျူဗင်တပ် အသင်းသည် ချန်ပီယံလိဂ်အဖွင့်ပွဲ ၂ ပွဲတွင် သရေကျထားပြီး ၂ မှတ်သာ ရရှိထားသည်။ အုပ်စုတွင်း ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်မှာ ရမှတ် ၆ မှတ်ဖြင့် ဦးဆောင်လျက်ရှိပြီး လာမည့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ထိပ်တိုက်ရင် ဆိုင်ရမည်ဖြစ်သည်။

Goal Myanmar

0 comments:

Post a Comment