3.10.13

ချန်ပီယံလိဂ်ပွဲအရေအတွက် စံချိန်ရှင် ဖြစ်ခဲ့သည်ကို ကြိုမသိခဲ့ကြောင်း ဂစ်ဝန်ခံ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ယူကရိန်းမြေတွင် ရှက်တာဒိုးနက်ခ်နှင့် (၁)ဂိုးစီ သရေကျခဲ့ရာ အသက်(၃၉)နှစ်ရှိ ဝေလ ကွင်းလယ် ကစားသမားကြီးက လူစားလဲ ပါဝင်ခဲ့သည်

ချန်ပီယံလိဂ်ပွဲအရေအတွက် စံချိန်ရှင် ဖြစ်ခဲ့သည်ကို ကြိုမသိခဲ့ကြောင်း ဂစ်ဝန်ခံချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပါဝင်ကစားသည့် ပွဲစဉ်အရေအတွက် အများဆုံး ကစားသမား ဖြစ်လာခဲ့သည်ကို ကိုယ်တိုင်ပင် မသိခဲ့ဟု ရိုင်ယန်ဂစ်က ဝန်ခံ ပြောကြားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းသည် ယူကရိန်းမြေတွင် ရှက်တာဒိုးနက်ခ်နှင့် (၁)ဂိုးစီ သရေကျခဲ့ရာ အသက်(၃၉)နှစ်ရှိ ဝေလ ကွင်းလယ် ကစားသမားကြီးက လူစားလဲ ပါဝင်ခဲ့သည်။ ဒုတိယပိုင်းတွင် မော်ရိုဖယ်လိုင်နီအစား လူစားလဲ ဝင်ရောက်ခြင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲများတွင် ဂစ်ပါဝင် ကစားသည့် (၁၄၅)ကြိမ်မြောက် ဖြစ်လာသည်။ ယင်းအရေအတွက်သည် ရီးယဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း ရောလ်ဂွန်ဇာလက်ဇ်၏ စံချိန်ထက် (၁)ပွဲ ပိုမို အသာရလာစေခဲ့ကြောင်း သိရသည်။



ပွဲအပြီးတွင် MUFC.comက ဂစ်အား ယင်းမှတ်တမ်းကောင်းအတွက် မည်သို့ ခံစားရကြောင်း မေးမြန်းရာ ဂစ်က "တကယ်လားဗျ။ ကျွန်တော် အဲဒါကို သိတောင် မသိဘူး။ ချန်ပီယံလိဂ်ဆိုတာ တကယ့် ပြိုင်ပွဲကောင်းပါ။ ဒီပြိုင်ပွဲမှာ (၂)ကြိမ် ချန်ပီယံဆု ရခဲ့ဖူးတာရယ်၊ အမှတ်ရစရာ ပွဲစဉ်တော်တော်များများ ကစားဖူးတာရယ်က ကျွန်တော် ကံကောင်းခဲ့ တယ်လို့ပဲ ခံစားမိပါတယ်"ဟု ဖြေကြားသွားသည်။ လက်ရှိ အချိန်ထိ ဘော လုံးကစားနေဆဲ အခြေအနေတွင် ဂစ်၏ စံချိန်ကို လိုက်လံ ဖိအားပေး ချိုးဖျက်နိုင်ရန် အခြေအနေ အကောင်းဆုံးမှာ စပိန်သား နှစ်ဦးဖြစ်သည့် ဇာဗီဟာနန်ဒက်ဇ်နှင့် အိုင်ကာ ကားဆီးလက်စ်တို့ ဖြစ်ကြသည်။ ဘာစီလိုနာ ကွင်းလယ်လူ ဇာဗီသည် လက်ရှိတွင် ချန်ပီယံလိဂ်၌ (၁၃၇)ပွဲ ကစားထားပြီး ဖြစ်ကာ ရီးယဲလ် မက်ဒရစ် အသင်းခေါင်းဆောင် ကားဆီးလက်စ်မှာ ပွဲအရေအတွက် (၁၃၀) ရှိနေပြီဟု သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment