3.10.13

သူပုန်များနှင့် တိုက်ပွဲဖြစ်နေကြောင်း အိန္ဒိယစစ်တပ် ပြောကြား

အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသတွင် လက်နက်ကိုင် အယောက်(၃၀)နှင့် (၄၀)မျှတို့သည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော် စိမ့်ဝင်လာသဖြင့် မိမိတို့၏ တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဟု အိန္ဒိယက ဆိုသည်

သူပုန်များနှင့် တိုက်ပွဲဖြစ်နေကြောင်း အိန္ဒိယစစ်တပ် ပြောကြား
အိန္ဒိယ စစ်တပ်က မိမိတို့သည် ပါကစ္စတန်က ထောက်ခံအားပေးထားသည့် လက်နက်ကိုင် သူပုန်တပ်များနှင့် ရင်ဆိုင် တိုက်ခိုက်နေရကြောင်း ပြောကြား ခဲ့သည်။ အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသတွင် လက်နက်ကိုင်

အယောက်(၃၀)နှင့် (၄၀)မျှတို့သည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော် စိမ့်ဝင်လာသဖြင့် မိမိတို့၏ တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဟု အိန္ဒိယက ဆိုသည်။ ထိုရင်ဆိုင် တိုက်ပွဲများသည် တစ်ပတ်ကျော်မျှ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယ စစ်တပ် ထိပ်တန်း အကြီးအကဲ တစ်ဦးဖြစ်သူ ဂါမိဆင်းက ယင်းလက်နက်ကိုင်များကို ပါကစ္စတန်က ထောက်ခံပေးထားကြောင်း တိုက်ရိုက် စွပ်စွဲခဲ့သော်လည်း ပါကစ္စတန်ဘက်က ယင်းကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်မပြုသေးချေ။

ကက်ရှ်မီးယားကို အိန္ဒိယက အုပ်ချုပ်ထားသော်လည်း ပါကစ္စတန်ကလည်း မိမိတို့ ပိုင်ဆိုင်ကြောင်း အရေးဆိုကာ တင်းမာမှုများ ဖြစ်ပေါ်နေသည် မှာ နှစ်ပေါင်း (၆၀)မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ပိုင်နက်အငြင်းပွားမှုများနှင့် အတူ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အဆိုပါ ဒေသတွင် ထိပ်တိုက်တွေ့ဆုံ မှုများကြောင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးသည် ပိုမို၍ ဆိုးရွားလာခဲ့သည်။ ပြီးခဲ့သည့် လအတွင်းက ကက်ရှ်မီးယားရှိ ပွန့်ခ်ျဧရိယာမှာ ရဲစခန်းတစ်ခုနှင့် စစ်စခန်းတစ်ခုကို လက်နက်ကိုင်များက အလစ်အငိုက် စီးနင်းခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် လူ(၁၀)ဦးကို သတ်ဖြတ်ခဲ့သည်။

အိန္ဒိယသည် ကက်ရှ်မီးယား ဒေသတွင် ကြီးမားသော လုံခြုံရေး မြှင့်တင်မှု အစီအစဉ်များ ထားရှိပြီး ရဲတပ်ဖွဲ့ဝင်နှင့် ဒေသဆိုင်ရာ အစောင့်တပ်ဖွဲ့ ထောင်နှင့်ချီ ဖြန့်ကျက်ထားသည်။ ဆင်းက "စစ်တပ်ဟာ အင်အား အတောင့်ဆုံး ကျူးကျော်သူတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့က တကယ့်ကို ကျွမ်းကျင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေလို့ ယူဆရပြီး ပါကစ္စတန်နဲ့ အိန္ဒိယကြားက နယ်နိမိတ်လိုင်းကို ဖောက်ဝင်လာတာပါ။ ခုချိန်မှာ ကျွန်တော်တို့ ဆင်နွှဲနေရတဲ့ စစ်ဆင်ရေးဟာ ကက်ရှ်မီးယား ဒေသမှာ အကြာဆုံး တစ်ခုပါပဲ"ဟု ပြောကြားသွားသည်။

ဆင်းက အိန္ဒိယစစ်တပ်သည် ကျူးကျော်သူ (၁၀)ဦးမျှကို ရှင်းလင်းပြီး ဖြစ်ကြောင်းနှင့် နောက်ထပ် အားဖြည့်ရန် ကြိုးစားလာသည့် ရန်သူတပ်ဖွဲ့ငယ် တစ်ခုကိုလည်း နယ်နိမိတ်လိုင်းတွင် ဟန့်တား ထားကြောင်း ဆိုသည်။ "ကျွန်တော်တို့ နယ်မြေကို ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာ အငြင်းပွားစရာ မဟုတ်တဲ့ ကိစ္စပါ။ လက်ရှိ စစ်ဆင်ရေးတွေမှာ ကျွန်တော်တို့ စစ်တပ်က အသာစီးက ထိန်းချုပ်ထားနိုင် ဆဲ ဖြစ်ပါတယ်"ဟုလည်း ဆင်းက သတင်းထောက်များအား ပြောကြား သွားသည်။

Planet Myanmar Network

0 comments:

Post a Comment