3.10.13

နိုင်ငံအတွင်း White Card ကိုင်ဆောင်သူ ခြောက်သိန်းနီးပါးရှိဟုဆို

ရန်ကုန်- မြန်မာနိုင်ငံတွင် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသည့် ယာယီ နိုင်ငံသား White Card ကိုင်ဆောင်သူဦးရေ ခြောက်သိန်းခန့်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ အောက်တိုဘာ ၂ရက် က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

“ခြောက်သိန်းနီးပါးလောက် ရှိပါတယ်။ ဒါ ကျွန်တော်တို့ အရင် ကောက်ယူထားတဲ့စာရင်းကို ခန့်မှန်းထားတာပါ”ဟု ၀န်ကြီးက ပြောကြားသည်။

လ၀က က ယာယီနိုင်ငံသားလက်မှတ်အဖြ စ်ထုတ်ပေးခြင်းသည် လူမျိုး၊ နိုင်ငံမရှိသည့်လူမျိုးဖြစ်ကြောင်း ခွဲခြား၍မရသောအခါ၌သာ စိစစ်ပြီး ထုတ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။ 



ယာယီနိုင်ငံသားကတ်ဖြင့် မဲပေးပိုင်ခွင့်ရှိသည့် ဥပဒေကြောင့် နိုင်ငံရေးပါတီတည် ထောင်ခွင့်၊ မဲပေးပိုင်ခွင့်များနှင့် ပတ်သက်ပြီး နိုင်ငံရေးသမားအချို့ကြား မကျေနပ်မှုများရှိနေသောကြောင့် ပြင်ဆင်လိုကြသည့်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ရေးဆွဲခဲ့သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများတွင် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည်ဟူသောအချက်ပါ ရှိနေသည်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်ရှိသည့်အချက်ကို ဥပဒေတွင် ပြင်ဆင်ရန် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြီးခဲ့သည့် သြဂုတ် ၂၃ရက်တွင် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သည်။

7Day News Journal

0 comments:

Post a Comment