18.2.14

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ခဲ့သည်ဟုယူဆရသူကို မကြာမီရုံးတင်စစ်ဆေးသွားမည်


17-2-2014

လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ရန်ကုန်-မန္တလေး ကား လမ်းဘေးတွင်ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ် လူသတ်မှုကျူးလွန်သူကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းထောက်လှမ်းရေး အဖွဲ့တို့ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၃ ရက် က ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကပြောသည်။


တရားခံဟု မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ဖမ်းဆီးထားသူမှာ ကျောက်တံခါးမြို့ နယ် တောကျွဲအင်းကျေးရွာနေသူ ငွေအ တိုးပေးသည့် လုပ်ငန်းလုပ်ကိုင်သူ ဦးတင် စိုးဆိုသူဖြစ်ပြီး ယင်းပြစ်မှု ကျူးလွန်ခဲ့သော သက်သေများမှတစ်ဆင့် ခြေရာခံကာ အမှု မှန်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်သေ အထောက်အထားများ ခိုင်လုံစွာဖြင့် ဖမ်းဆီး ရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူအနေဖြင့်လည်း ဖြောင့်ချက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ အဆင့်မြင့်အရာရှိက''မကြာခင်မှာပဲ ရုံး တင်စစ်ဆေးမှာပါ။ ဖေဖော်ဝါရီ ၁ဝ ရက် က ကျောက်တံခါးမြို့နယ် ဦးတင်စိုးရဲ့ နေ အိမ်မှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ ပစ္စည်းတွေ နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ အရမ်းခက်ခဲ နက်နဲတဲ့ အမှုတစ်ခုပါ။ ပြစ်မှုကျူးလွန်သူရဲ့ သက်သေအထောက်အထားကနေတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့တာပါ''ဟု ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟု ရဲတပ်ဖွဲ့ မှဖမ်းဆီးထားသည့် ဦးတင်စိုးမှာ သေဆုံး သူ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျရပ်ကွက်နေ မသန်းထွေးဆို သူနှင့် လူမှုရေးအရ ငြိစွန်းခဲ့ရာမှ ၂ဝ၁၂ ခုနှစ် မေလက မသန်းထွေးသည် ဘားအံမြို့ မှပြန်လာစဉ် ငွေကျပ်သိန်း ၃ဝ ခန့်နှင့် ရွှေ ထည်ပစ္စည်းများပါလာကြောင်း၊ ထို့နောက် ဦးတင်စိုးနှင့် ဇနီးတို့ထံတွင်နေထိုင်ပြီး ငွေ များအား အတိုးရရှိရန် ဦးတင်စိုးထံတွင် ပေး ထားကြောင်း၊ ထို့နောက်ဦးတင်စိုးနှင့် ငြိစွန်း ပြီး ဦးတင်စိုးဇနီး ရန်ကုန်သွားနေခိုက် ၂ဝ၁၃ ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီ ခွဲခန့်တွင် မသန်းထွေးသည် ဦးတင်စိုးထံရောက်လာ ပြီး နှစ်လုံးထီရှုံးသည့်အတွက် ငွေသုံးသိန်း ကိုတောင်းရာမှ နှစ်ဦးစကားများ ရန်ဖြစ်ရာ မှတစ်ဆင့် ဦးတင်စိုးက မသန်းထွေးအား ဓားဖြင့် လည်ပင်းအားလှီးဖြတ်ကာ ပီနံအိတ် အထုပ်များဖြင့်ခွဲထည့်၍ ညအချိန်တွင် ဆိုင် ကယ်ဖြင့် ခေါင်းပြတ်နေသော မသန်းထွေး အလောင်းကို သယ်ဆောင်ပြီး ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၁၃၉/ ၁၂ အကြား တံတားအမှတ် ၁၄ဝ/၁ ဇဟား ချောင်းတံတားအနီးတွင် ပီနံအိတ်ဖြင့် ပစ် ထားခဲ့ကြောင်း ရဲစစ်ချက်များအရ သိရသည်။

သေဆုံးသူအား စွန့်ပစ်ရာတွင် အသုံးပြုခဲ့သော ရေသန့်ဘူး၊ ဓာတ်မီး၊ မျှော့ ကြိုး အစရှိသည့် သဲလွန်စများမှတစ်ဆင့် အဆင့်ဆင့် ရှာဖွေဖော်ထုတ်မှုကြောင့် တရားခံ ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တောင် ငူခရိုင်အတွင်း နေထိုင်သော ပြည်သူတချို့ ၏လက်ဗွေရာများနှင့်လည်း တိုက်ဆိုင်စစ် ဆေးခဲ့ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အ မျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကလည်း ''လဝက က တာဝန် ရှိသူတွေအနေနဲ့လဲ ဒီအမှုပေါ်ဖို့ တောင်ငူ ခရိုင်မှာရှိတဲ့ ပြည်သူတွေဆီက လက်ဗွေ တွေယူခဲ့ရသေးတယ်။ ပူးပေါင်းပါဝင် ကူ ညီတဲ့သဘောပါ''ဟု ပြောသည်။

---------------------------------

Post by Yangon Media Group

0 comments:

Post a Comment