18.2.14

သီလဝါ အထူးစီးပွားရေး ဇုန်နှင့် သက်ဆိုင်သည့် မြန်မာပိုင် ကုမ္ပဏီတစ်ခုမှ မကြာမီ အချိန်အတွင်း ရှယ်ယာများကို ရောင်းချသွားမည်

သီလဝါအထူး စီးပွားရေးဇုန်ကို မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရ အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် Myanmar-Japan Thelawa Development Ltd. မှ ရင်းနှီးတည်ဆောက် သွားမည်ဖြစ်ပြီး၊ အဆိုပါ လီမိတက်တွင် ပါဝင်သော အများပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည့် Myanmar Thelawa SEZ Holding Public Ltd. မှ ရှယ်ယာများကို မကြာမီ အချိန်အတွင်း ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ရှယ်ယာများ ရောင်းချပါက ကနဦး အနေဖြင့် စုစုပေါင်း ရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ရှယ်ယာ တစ်စုလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ရှယ်ယာများ ရောင်းချရာတွင်လည်း ထင်သာမြင်သာ ရှိစေရန် စီမံကိန်း သတင်းအချက် အလက်များ၊ ကုမ္ပဏီ၏ သတင်းအချက် အလက်များနှင့် လုပ်ဆောင်ချက်များ၊ ရှယ်ယာနှင့် ပတ်သက်သော အချက်အလက်များနှင့် ရောင်းချမည့် အစီအစဉ်များ ပါဝင်သော လမ်းညွှန် စာအုပ်ကို ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ အပါအဝင် သတင်း မီဒီယာများမှ ပွင့်လင်းမြင် သာစွာ ကြော်ငြာများ ထည့်သွင်း၍ ရောင်းချသွားမည် ဖြစ်သည်။

သီလဝါအထူး စီးပွားရေးဇုန်ကို သတ်မှတ်ထားသော လုပ်ငန်းများ၊ အမှန်တကယ် လုပ်ကိုင်သည့် ကုမ္ပဏီများကိုသာ နှစ်ရှည်မြေ ငှားရမ်းလုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြေငှား ရမ်းထားသော ကုမ္ပဏီများ အနေဖြင့် သတ်မှတ် ကာလအတွင်း စီးပွားဖြစ် စတင် လည်ပတ်နိုင်ခြင်း မရှိပါက မြေပြန်လည် သိမ်းဆည်းခြင်းကဲ့သို့ နိုင်ငံတကာမှ ကျင့်သုံး လျက်ရှိသည့် တင်းကျပ်သည့် စည်းကမ်းချက်များ ထားရှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

0 comments:

Post a Comment