18.2.14

ရာဂျစ်ဂန္ဒီ လုပ်ကြံသူတွေ သေဒဏ်ကို တသက်တကျွန်း ထောင်ဒဏ်ပြောင်း



၁၈.၂.၂၀၁၄၊ အင်္ဂါနေ့

အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီကို ၁၉၉၁ ခုနှစ်တုန်းက အသေခံ ဗုံးခွဲ လုပ်ကြံသတ်ဖြတ်ခဲ့ရာမှာ ပါဝင်ပတ်သက်မှုအတွက် သေဒဏ်အပြစ်ပေး ခံထားရသူ ၃ ဦးကို ထောင်ဒဏ် တသက်တကျွန်း အဖြစ် ပြောင်းလဲ ကျခံစေဖို့ အိန္ဒိယ ဗဟိုတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ 

တမီလ် ကျားသူပုန် အဖွဲ့ဝင်တွေဖြစ်တဲ့ အဲဒီလူ သုံးဦးကို ပြစ်ဒဏ်ချပြီး ၁၁ နှစ်ကြာတဲ့အထိ မကွပ်မျက်ဘဲ ထားတာကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတဲ့အပေါ် အကြောင်းပြုပြီး ခုလို ပြစ်ဒဏ် ပြောင်းလဲ သတ်မှတ်တာလို့ ဆိုပါတယ်။

သီရိလင်္ကာမှာ တမီလ် ကျားသူပုန်တွေ အားကောင်းခဲ့စဉ် ၁၉၈၇ ခုနှစ်တုန်းက အိန္ဒိယက ငြိမ်းချမ်းရေး ထိမ်းသိမ်းရေး တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တဲ့အတွက် ကျားသူပုန်တွေက သူ့ကို လက်စားချေ လုပ်ကြံခဲ့တာလို့ ယူဆကြပါတယ်။

BBC

0 comments:

Post a Comment