18.2.14

နီပေါ နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ ခရီးသည် အားလုံးသေဆုံး


နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့တွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ခရီးသည် ၁၈ ဦးကို တင်ဆောင်ထားသည့် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ယင်းလေယာဉ် ပေါ်တွင် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက Pokhara လေဆိပ်မှ ပျံတက် ခဲ့ပြီးနောက် ၁၅ မိနစ် အကြာတွင် လေကြောင်း ထိန်းချုပ်ရေး စခန်းနှင့် အဆက် အသွယ် ပြတ်တောက် သွားခဲ့ကြောင်း၊ ယင်းလေယာဉ် ပေါ်တွင် ခရီးသည် ၁၅ ဦးနှင့် အမှုထမ်း သုံးဦး လိုက်ပါသွားကြောင်း နီပေါ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ Ganesh KC က AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ပျောက်ဆုံးလျက် ရှိသည့် ၎င်းလေယာဉ်ကို ရှာဖွေရန်နှင့် ကယ်ဆယ်ရေးများ လုပ်ဆောင်ရန် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေခဲ့ရာ ပျက်စီးနေသည့် အဆိုပါ လေယာဉ်ပျက်ကို နိုင်ငံ အနောက်ပိုင်း၌ ဖေဖော်ဝါရီ ၁၇ ရက်က ပြန်လည်တွေ့ရှိ ခဲ့ကြောင်းနှင့် ခရီးသည် အားလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

0 comments:

Post a Comment