18.2.14

သမီးကလေးကျေးရွာအပါအဝင် ကျူးကျော်မြေကိစ္စတွင်နိုင်ငံတော်က မသိကျိုးကျွံပြုနေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ပြော


[ မောင်ပိုင် ၊ နေပြည်တော် ]

သမီးက လေးကျေးရွာအပါအဝင် ကျူးကျော်မြေ ဖြေရှင်းရေးကိစ္စများတွင် နိုင်ငံတော်အနေ နှင့် မသိကျိုးကျွံပြုနေသည်ဟု အလုံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။လက်ရှိ သမီးကလေးကျေးရွာ အပါအဝင် ကျူးကျော်မြေ ဖြေရှင်းသည့် ပြဿနာများနှင့်ပတ်သက်ပြီး ဖလားဝါးနယူးစ် ဂျာနယ်မှ ယင်း၏အမြင်အား မေးမြန်းမှု အပေါ် ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ မြေကြီးကို တ ကယ်ပိုင်တာ နိုင်ငံတော်အစိုးရ ဖြစ်တယ်၊ သိမ်းတာကလည်းအစိုးရဖြစ်တယ်။ တရား ဝင်ဖြေရှင်းပေးရမှာကလည်း နိုင်ငံတော်ကပဲ ဖြစ်တယ်။ နိုင်ငံတော်အနေနဲ့ တချို့ကိစ္စ တွေမှာ မသိကျိုးကျွံပြုနေတာ တွေ့ရတယ်။ ဥပမာ- မြန်မာ့ဂုဏ်ရောင်ကိစ္စမျိုးဆိုရင် မသိကျိုးကျွံ ပြုနေတယ်။ ခဏ ခဏ မြို့လယ် ကောင်မှာ ဆန္ဒပြနေတယ်။ အဲဒီအပြင် မိ ကျောင်းကန် အပိုင်း(၁၊ ၂၊ ၃)ဆိုရင်လည်း မသိကျိုးကျွံပြုနေတယ်။ ဒီဆန္ဒပြနေသူ တွေ ကလည်း ပြဿနာရှာချင်လို့ ပြနေတာ မဟုတ်ဘဲနဲ့ သူတို့နစ်နာမှုကို တစ်စုံတစ် ရာမျှော်လင့်ချက်နဲ့သူတို့ကို နိုင်ငံတော်ကတော့ ပစ်ထားမှာ မဟုတ်ဘူး။ တစ်ခုခုတော့ လုပ်ပေးလိမ့် မယ်ဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့ သူ တို့ တောင်းဆိုနေတာဖြစ်တယ်။ အဲဒီ တောင်းဆိုသူတွေကို တကယ်သွားကြည့် လိုက်၊ တကယ်ဆင်းရဲနွမ်းပါးတဲ့သူတွေ ဖြစ်တယ်။ အဲဒါကို နိုင်ငံတော်အနေနဲ့ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေမယ် ဆိုရင် မသင့်လျော်ဘူး'' ဟုပြောကြားသည်။

ယင်းအပြင် ¤င်းက ''နိုင်ငံ တော်က အချမ်းသာဆုံးကမြေကြီးပဲ။ နိုင်ငံတော်မှာ ပေးစရာမြေကြီးတွေ အ များကြီးရှိတယ်။ လုပ်ပေးလို့ရတယ်။

အရင်စစ်အစိုးရတက် လာလာချင်း တောင်မှ တဲ၊ တိုက်ဆိုပြီး တဲပေါ်ကနေ တိုက်ပေါ်တင်ပေးနိုင်သေးတယ်။ ဘယ် လိုဖြစ်ဖြစ် တစ်စုံတစ်ခုလုပ်ပေးနိုင်သေး တယ်။ အခုအစိုးရလက်ထက်မှာ တန် ဖိုးနည်းအိမ်ရာလို့ပြောပြီး တန်ဖိုးနည်း အိမ်ရာကနေ တစ်ဆင့်တက်သွားပြီး တန် ဖိုးသင့်အိမ်ရာဖြစ်သွားတယ်။ မတတ် နိုင်ဘူး။

အခုအထိသိန်းတစ်ရာရဲ့အောက် ဘယ်သူမှ လုပ်မပေးနိုင်သေးဘူး။ ဒါ အစိုးရက လုပ်ပေးဖို့စဉ်းစားရမယ်။ ဖြေ ရှင်းဖို့အတွက် နည်းလမ်းစဉ်းစားဖို့ ဖွဲ့ စည်းလိုက်ပါ။ လူထုလူတန်းစားအဖွဲ့ အစည်းတွေနဲ့ နိုင်ငံတော်နဲ့ ပူးပေါင်း ဖွဲ့စည်းပြီး ဖြေရှင်းဖို့လိုအပ်ပါတယ်''ဟု သုံးသပ်ပြောသည်။

လက်ရှိ သမီးကလေးကျေး ရွာကိစ္စနှင့်ပတ်သက်ပြီး ယင်းက ပြော ကြားရာတွင် ''အဓိကတော့ ဒေသခံလွှတ် တော်ကိုယ်စားလှယ်က အရေးကြီးဆုံးပဲ။ သူ့ရဲ့ပါဝင်မှုနည်းနေရင်၊ ဒါမှမဟုတ်သူ က မရောက်ဖြစ်ခဲ့ရင်၊ သူကမသိခဲ့ရင်၊ ဒါမှမဟုတ် ခရီးလွန်နေရင် ဒါဆိုရင် တော့ လွှတ်တော်ကိုယ်စားလှယ်အခန်း ကဏ္ဍက ပျောက်နေတယ်လို့ ပြောလို့ရ မယ်။ တကယ်ဆိုရင်တော့ လွှတ်တော် ကိုယ်စားလှယ်တွေက လုပ်ပေးရမှာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့မှ သူ့အနေနဲ့ ဒါ ရဲ့ဖြစ်စဉ်လေးကိုပဲရေးပြီး ကော်မရှင်တင် ရင်တောင်မှ ကော်မရှင်က ဒါနဲ့ပတ်သက် ပြီးဝင်ပါလို့ရတယ်ပေါ့နော်။ စုံစမ်းပေး လို့ရတယ်''ဟု ¤င်းက ပြောပြခဲ့သည်။

Yangon Media Group

0 comments:

Post a Comment