8.2.14

ပြည်ပ ရွှေ့ပြောင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း တာဝန်ရှိ သူများနှင့်တွေ့ဆုံ




ပြည်ပ အလုပ်အကိုင် ရှာဖွေနေသော မြန်မာနိုင်ငံ၏ ရွှေ့ပြောင်း လုပ်သားများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး

အေဂျင်စီများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထိုသို့ မြန်မာနိုင်ငံ ၏ ရွှေ့ပြောင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍ ကျွန်တော်တို့ သတင်းအဖွဲ့ သွားရောက်ကာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးသက်နိုင်ဦးအား သိလိုသည်များ မေးမြန်းခဲ့သည်။မြန်မာနိုင်ငံရဲ့ တရားဝင် အေဂျင်စီ အရေတွက်နဲ့ လုပ်သားခေါ်ယူမှု ကို သိချင်ပါတယ်။ မြန်မာနိုင်ငံမှ ၀န်ကြီး ဌာနကနေ မှတ်ပုံတင်ပြီး ပြည်ပနိုင်ငံများသို့ တရားဝင် စေလွှတ် ခွင့်ပြုထားတဲ့ အေဂျင်စီ စုစုပေါင်း ၁၈ဝကျော် ရှိပါတယ်။ နိုင်ငံတကာမှာ ကြီးကြပ် ကွပ်ကဲနေတဲ့ နိုင်ငံခြား အေဂျင်စီတွေဟာ သူတို့နိုင်ငံမှာ လိုအပ်တဲ့ အလုပ်သမား ကမ်းလှမ်းစာတွေကို ပြည်တွင်း အေဂျင်စီတွေ ထံသို့ အမြဲတမ်း ဆက်သွယ်ပို့ဆောင်လျက်ရှိပြီးမြန်မာနိုင်ငံမှ အများဆုံး ထိုင်း၊မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ စင်ကာပူနှင့် ဟောင်ကောင် အစရှိတဲ့ နိုင်ငံတွေက လုပ်ငန်းရှင်တွေရဲ့ ကိုယ်စားလှယ် ဒါမှမဟုတ် လိုင်စင်ရ အေဂျင်စီများက ပြည်တွင်း အေဂျင်စီတွေနဲ့ တွေ့ဆုံပြီး စာချုပ်ချုပ်ဆို ခေါ်ယူလျက် ရှိပါတယ်။ စာချုပ်ချုပ်ဆို ခေါ်ယူမှု အဆင့်ဆင့်ကို သိချင်ပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခလစာ၊ နားရက်၊ ရေ၊ မီး၊ အစားအသောက်၊ အလုပ်အာမခံထားရှိမှုနဲ့ ကုပ္မဏီရဲ့ Profile အချက်အလက် အပြည့်အစုံကို သက်ဆိုင်ရာ နိုင်ငံမှာ ရှိတဲ့ အလုပ်သမား သံအရာရှိနဲ့ သံရုံးတွေကို ပေးပို့ပြီး အစစ်ဆေး ခံရပါတယ။် အဲဒီအခါမှာ အလုပ်သမား ရေးရာ သံအရာရှိက အဲဒီအခါ မှာ အလုပ်သမားရေးရာ သံအရာရှိက အချက်အလက်တွေ ကိုင်ဆောင်ပြီး လုပ်ငန်းခွင် အတွင်းကို တကယ်ရှိ၊ မရှိသွား စစ်ဆေးရပါတယ။် အဲဒီ အခါမှာ ကမ်းလှမ်းခဲ့တဲ့ လိုင်စင်ရ အေဂျင်စီတွေ ရဲ့ အလုပ်ခေါ်စာနဲ့ အချက်အလက်တွေ မှန်ကန်ကြောင်းကို မြန်မာနိုင်ငံရဲ့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ြကီး ဌာနကို အကြောင်းကြားတော့မှ ၀န်ကြီးဌာန မှတဆင့် သက်ဆိုင်ရာ အေးဂျင်းတွေကို အလုပ်သမားခေါ်ယူခွင့်ပြုပြီး စာချူပ်ချူပ်ဆိုမှုတွေ ပြုရပါတယ်။

ပြည်ပ အလုပ်အကိုင် ရှာဖွေသူတွေ အတွက် အေးဂျင့်တွေနဲ့ တိုက်ရိုက် ထိတွေ့မှု ရှိစေရန် ဆောင်ရွက်မှုကို သိချင်ပါတယ်။ ဟုတ်ကဲ့ပါ။ ပြည်ပ အလုပ်အကိုင် ရှာဖွေသူတွေက အလုပ်ခေါ်ယူတဲ့ အေးဂျင့်တွေနဲ့ တိုက်ရိုက် ဆက်သွယ်လို့ မရတဲ့ အခြေအနေမှာ ကြားခံ လူလိမ်ပွဲစားတွေနဲ့ တွေ့ပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်နေတာ သိကြပါလိမ့်မယ်။ ဒါတွေကို အဆင်ပြေစေဖို့ အခုဆိုရင် ခိုင်မာမှုရှိတဲ့ လိုင်စင်ရ ပြည်တွင်း အေးဂျင့်တွေ စုပေါင်းပြီး Job Fair ခေါ် အလုပ်အကိုင်ပြပွဲတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆွေးနွေးပွဲ တွေကို ဝန်ကြီး ဌာနနဲ့ ပြည်တွင်း အေဂျင်စီများ ပူပေါင်း ဆောင်ရွက်နေပါပြီ။ အလုပ် ရှာဖွေသူ တွေဟာ အေးဂျင့် ကုမ္ပဏီတွေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့် ရရှိပြီး ထိုင်း၊ မလေးရှား၊ စင်ကာပ၊ူ ဂျပန်နဲ့ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံ အသီးသီးက ခေါ်ယူတဲ့ အလုပ်တွေကို ပြည်ပက ခေါ်ယူတဲ့ အလုပ်တွေ အတွက် လုပ်ငန်းပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုစနစ် ကိုလည်း သိချင်ပါတယ်။

သွားရောက် လုပ်ကိုင်မယ့် ပြည်ပရွှေ့ပြောင်း လုပ်သားတွေ အတွက် အလုပ်သမား၊အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာန အပြင် လိုင်စင်ရ အသိအမှတ်ပြု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက ခေါ်ယူတဲ့ အလုပ် အမျိုးအစားအလိုက် သံဂဟေ၊ ပိုက်ဆက်၊ သံချည်သံကွေး၊ ဆေးသုတ်၊ မီးဆင်၊ ၀ိတ်တာ၊ သဘောင်္ကျင်း၊ Nursing နဲ့ တခြား လုပ်ငန်းဆိုင်ရာတွေ အပြင် နိုင်ငံ အလိုက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီး ပို့ချပေးနေပါတယ်။ အောင်မြင်ပြီဆိုရင် အသိအမှတ်ပြု လက်မှတ် ပေးအပ်ပါတယ်။

နိုင်ငံခြားမှ လာရောက် စစ်ဆေးမှု အောင်မြင်ခဲ့ရင် သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားကို ဝန်ကြီးဌာန အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးပါသလဲ။

ပြည်ပ အလုပ်အကိုင်တွေ အတွက် နိုင်ငံခြား အေးဂျင့်တွေ လူတွေ့ စစ်ဆေးမှုတွေ၊ ရွေးချယ်မှုတွေ ဆောင်ရွက်ပါတယ်။ ဒီစစ်ဆေးမှုတွေ အောင်မြင်သွားရင် အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် သွားရောက် လုပ်ကိုင်မယ့် နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အလုပ်အကိုင်နှင့် အလုပ်သမား ဥပဒေများ၊ မိမိ သွားရောက်လုပ်ကိုင် ပြပွဲလာ ပြည်ပ အလုပ်ရှာဖွေသူများ အနေနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်ပြီး ကြားခံလူလိမ် ပွဲစားရန်က ကင်းဝေးစေမှာ ဖြစ်တဲ့အပြင် တခြားအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အချက်အလက် မှန်မှန်ကန်ကန်နဲ့ သိရှိသွားမှာဖြစ်ပါတယ်။

မိမိသွားရောက်လုပ်ကိုင်မည့် လုပ်ငန်း၏ စည်းမျဉ်းစည်းကမ်းများပြောဆို ဆက်ဆံ မှု တွေကို အနီးကပ် မသွားမီ ရက်တို သင်တန်း အဖြစ် ပို့ချပေးပါတယ်။ ဒီသင်တန်း အောင်မြင်လို့ သင်တန်းဆင်း ရင်ပြည်ပမှာ သွားရောက် အလုပ်လုပ် ကိုင်မယ့် သက်သေခံ ကတ်ပြား ပေးပါတယ် ။

ဒီကတ်ပြားကရော ထူးခြားချက်နဲ့ အာမခံချက်တွေ ရှိပါသလား။ ဒီကတ်ပြားက စေလွှတ် ပြီးတဲ့ ပြည်တွင်း/ပြည်ပ အေးဂျင့်များ၊ မြန်မာပြည် အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာန၊ နိုင်ငံခြား အလုပ်သမား ဝန်ကြီးဌာန၊ သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံခြား သံရုံးများနဲ့ အဲဒီ သံရုံးတွေမှာ ရှိတဲ့ အလုပ်သမား ရေးရာ ဆက်ဆံရေး သံအရာရှိများ ၊ နေပြည်တော်ရှိ အလုပ်သမား စေလွှတ်ရေး အဖွဲ့နဲ့ တိုင်စာ ဌာနများ၏ အီးမေးလ် လိပ်စာ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်များ၊ ဒီကတ်ပြားနဲ့ အတူ ပါဝင်ြပီး အကြောင်းမျိုးမျိုး ကြောင့် လုပ်ငန်းခွင် အတွင်း ချို့ယွင်းချက်၊ အခက်အခဲများ ရှိလာပြီ ဆိုရင် ကတ်ပြားပါ လိစာအတိုင်း အကြောင်းကြား သတင်းပို့ နိုင်ပါတယ်။

ပြည်ပမှာ အခက်အခဲ ဘယ်လို ဖြေရှင်း ပေးပါသလဲ။

အခက်အခဲ ဖြစ်လာမယ်ဆိုရင် နိုင်ငံခြား သံရုံးများမှာ ရှိတဲ့ အလုပ်သမား ဆက်ဆံရေး သံအရာရှိများ ဒါမှမဟုတ် မိမိကို ခေါ်ယူခဲ့တဲ့ ပြည်ပ အေးဂျင့်များက လာရောက်ပြီး ကိစ္စအဝဝကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးပါတယ်။

အလုပ်သမားရေးရာ ဆက်ဆံရေး သံအရာရှိတွေက ဘယ်နိုင်ငံတွေမှာ ရှိပါသလဲ။ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယားနဲ့စင်ကာပူ နိုင်ငံတွေမှာ ရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးတွေနဲ့ တွဲဖက်ပြီး အလုပ်သမားရေးရာ ဆက်ဆံရေး အရာရှိတွေကို ဖြစ်ပေါ်လာမယ့် ပြည်ပရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမား နဲ့ ပတ်သက် အခက်အခဲ ကိစ္စ အ၀၀ကို ဖြေးရှင်းနိုင်စေရန် ထားရှိပြီး နောက်ပိုင်း ကူဝိတ်နဲ့ ကာတာ နိုင်ငံများမှာ ဆက်လက် ထားရှိဖို့ စီစဉ်လျက် ရှိပါတယ်ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ပ ရွှေ့ပြောင်း လုပ်သားများ အတွက် အလုပ်အကိုင်နဲ့ ပတ်သက်၍ ဆောင်ရွက်လျက် ရှိသောသုခစုစံ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးချမ်းသာအား ပြည်ပ အလုပ်အကိုင် စေလွှတ်မှုနဲ့ ပတ်သက်၍ မေးမြန်းခဲ့သည်။

ကျွန်တော်တို့ သုခစုစံအနေနဲ့ ဝန်ကြီးဌာန အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စိစစ်ရွေးချယ် ခွင့်ပြုချက်ဖြင့် ပြည်ပသို့ တရားဝင် စေလွှတ်မှု ဒီနှစ်ထဲမှာ လူဦးရေ သောင်းနှင့်ချီ ရှိနေပါပြီ။ နိုင်ငံတွေကတော့ ပညာ အရည်အချင်း အလိုက် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ဂျပန် အစရှိတဲ့ နိုင်ငံတွေကို တရားဝင် စေလွှတ်လျက် ရှိပြီး အခုအခါမှာ ဟောင်ကောင်ကို အစမ်း စေလွှတ်မှုတွေ ပြုလုပ် နေပါပြီ ပြောကြားခဲ့သည်။

ပြည်ပရောက် ရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ အခက်အခဲ ဖြစ်လာခဲ့ရင် ဆရာတို့ ကုမ္ပဏီ အနေနဲ့ စီစဉ်ပေးမှု အပိုင်းကို သိချင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ အလုပ်တွေကို ရွေးချယ် စေလွှတ်တဲ့ နိုင်ငံတွေမှာ သက်ဆိုင်ရာ ကုမ္ပဏီ ကိုယ်စားလှယ်တွေ အေးဂျင့်တွေနဲ့ နားလည်မှု စာချူပ် ချူပ်ဆိုထားပါတယ်။ စေလွှတ်တဲ့ အလုပ်သမားတွေ အခက်အခဲ ဖြစ်လာခဲ့ရင် နီးစပ်ရာနိုင်ငံက အလုပ်ခေါ်ယူခဲ့တဲ့ အေးဂျင့်တွေကို နိုင်ငံ အလိုက် အလုပ်အကိုင် သံရုံး တာဝန်ရှိသူတွေနဲ့ အလုပ်သမား ရေးရာ ဆက်ဆံရေး သံအရာရှိတွေကို ချိတ်ဆက်ထားပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာအပေါ် စုပေါင်း ဖြေရှင်းမှုတွေကို ပြုလုပ် ပေးပါတယ်ဟု ပြောကြားခဲ့သည်။

မောင်မျိုး(ဧရာဝတီ)

0 comments:

Post a Comment