8.2.14

မြန်မာ့တပ်မတော်(လေ)ရှိ အေ-၅စီ ဖန်တန် အမျိုးစား မြေပြင်တိုက်ခိုက်ရေးလေယာဉ်များ ဖြစ်ပါသည်။


အေ-၅စီ Ground Attacker များအနေဖြင့် တပ်မတော်(လေ)တွင် ၁၉၉၀ခုနှစ်ကာလများကတည်းမှ စတင်တာဝန်ထမ်းဆောင်ခဲ့ကြပြီ ယခုအခါတွင်မူ အဆိုပါတိုက်လေယာဉ်များအစား ပိုမို၍ အဆင့်မြှင့်သည့် မြေပြင်၊ရေပြင် ပစ်ကူပေးတိုက်လေယာဉ် အမျိုးစားတစ်မျိုး ဝယ်ယူဖြည့်တင်းသွားမည်ဟု သိရပါသည်။ 
မည်သည့်အမျိုးအစားဖြစ်လာမည်ကို အတိအကျမသိရသေးစေကာမူ ဖြစ်နိုင်ချေအများဆုံး တိုက်လေယာဉ်မှာ တရုပ်တပ်မတော်သုံး JH-7A Flying Leopard တိုက်လေယာဉ်များ ဖြစ်လာနိုင်ပါသည်။ အဆိုပါ JH-7A များအနေဖြင့် အီလက်ထရောနစ် စစ်ဆင်ရေးများ ဆောင်ရွှက်နိုင်ခြင်း၊ ရေတပ်သုံးအမျိုးစားအနေဖြင့် သင်္ဘောဖျက်ဒုံးများ တပ်ဆင်ပစ်ခတ်နိုင်ခြင်း စသည့် စွမ်းဆောင်ရည်များပါရှိရာ မြန်မာ့တပ်မတော်အနေဖြင့် အဆိုပါ JH-7A ခေတ်မီတိုက်လေယာဉ်များ ပိုင်ဆိုင်လာပါက မြေပြင်အတွက်သာမကဘဲ ပင်လယ်ပြင်ရေပိုင်နက်လုံခြုံရေးအတွက်လည်း ထိရောက်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်လာဦးမည်ဖြစ်ပါသည်...။

Myanmar Defence Weapons

0 comments:

Post a Comment