8.2.14

ရေချိုးခန်း၊ အိမ်သာတွေထဲက မိန်းမသားများ၏ ၀တ်လစ်စလစ်ပုံများကို ခိုးရိုက်မှုရန်ကို ရှောင်ရှားနိုင်ဖို့ ဒီစာကိုဖတ်ပါ


မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို ရေမချိုးခင် လုံခြုံမှု့ရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်..
တံခါးဂျက် ကောင်းမကောင်း၊အကာအရံ လုံမလုံ၊ ဥပမာ..တိုက်ခန်းဆိုရင်
တောင် အပေါက်ဖေါက်ထားလား၊အတွင်းက မမြင်အောင် အပြင်ကမှ
မြင်နိုင်အောင် အပေါက်ဖေါက်ထားလား၊ခေါင်မိုးရှိတယ် ဆိုရင်တောင်
အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လားဆိုတာသေချာ
စစ်ဆေးပြီးမှသာ ရေချိုးကြတာ အကောင်းဆုံးပါ..။
တစ်လောက ..ဗဟန်းမြို့နယ်မှာ တိုက်ခန်း ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေတယ်၊
ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား
မိသားတစ်စု နေကြတယ်၊တစ်နေ့တော့ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက်
ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်.၊

အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေနေတဲ့ ရေချိုးခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်းပါပဲ.ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲ..
မိန်းကလေးတွေ ရေချိုးတာ လုံချီမပါဘဲ ၀တ်လစ်စလစ်ရေချိုးနေတာကို ဘယ်
ပွန်းဆိုက်တွေမှာ တင်နေသလဲ..ဘယ်သူမှ မသိနိုင်ကြ ရှာ..မိန်းကလေးအဖို့
လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်ရတယ်.

ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ နယ်က မိဝေးဖဝေး လာနေကြတဲ့ မိန်းကလေး
တွေမှာ ဖိဖိစီးစီး ပြောနိုင် အောင်နိုင်အောင် မလုပ်နိုင်ကြတော့ အမှု့က နောက်ဆုံး
တော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရတယ်.အိမ်ထောင်သည် ယောကျာင်္း
မှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့
ယောင်္ကျား၊ မောင်နှမသားချင်း စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့ကို ဒီနေရာကနေ
ရှုပ်ရှပါတယ်..၊မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲ
လုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး စစ်ဆေး ကြဖို့ ကိုလဲ တိုက်တွန်းပါတယ်..။
( အမျိုးသမီးများဘ၀ လုံခြုံ အေးချမ်း သာယာနိုင်ကြပါစေ..)

0 comments:

Post a Comment