8.2.14

စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ



၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၄) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များနှင့် သိန်းနီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ သိန်းနီမြို့နယ်၊ ရပ်ကွက်(၄)နေ မအားချင်း(၃၇)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။

 ထိုသို့ရှာဖွေရာ ၎င်းင်း၏ ၀ဲလက်အတွင်းမှ 88 နှင့် 1 စာတမ်းတစ်ဖက်စီပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၄)ပြား၊ ဆံထုံးအတွင်းမှ (၆၇)ပြား၊ အိပ်ခန်းကုတင်အောက် ပလပ်စတစ်ပုံးအတွင်းမှ(၃၄၀)ပြား၊ စုစုပါင်းဆေးပြား (၄၁၁)ပြား၊ တန်ဘိုးငွေကျပ်(၈.၂၂)သိန်း၊ အိပ်ခန်းကုတင်အောက် ပလပ်စတစ်ပုံးအတွင်းမှ ဘိန်းဖြူ (၁.၆)ဂရမ်၊ တန်ဘိုးငွေကျပ်(၃၀၄၀၀ိ/-)နှင့် မြန်မာငွေစက္ကူ(၄၅၀၀၀ိ/-)တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် အားချင်းအား သိန်းနီမြို့မရဲစခန်း မယ(ပ)၉/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment