8.2.14

မိမိတို့ ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၌ ဖြစ်ပေါ်နေသော တောင်သူလယ်သမားများ မြေယာသိမ်းဆည်းခံရသည့်ကိစ္စအပါအ၀င် ရင်ဆိုင်နေရသည့် အခက်အခဲများအား မြို့နယ်တစ်ခုချင်းစီအလိုက် တင်ပြရန် NLDတောင်သူလယ်သမားရေးရာကော်မတီသို့ တင်ပြနိုင်

အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်
တောင်သူလယ်သမားရေးရာကော်မတီ(ဗဟို)
အ မှတ် (၉၇/ခ) အ နောက် ရွှေ ဂုံ တိုင် လမ်း
ဗ ဟန်း မြို့ နယ် ၊ ရန် ကုန်မြို့


စာအမှတ် - /တလက(ဗ)/ဖွဲ့ - ၂၀၁၄

 ရက်စွဲ - ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ( )ရက်
သို့
ဥက္ကဌ
ပြည်နယ်/တိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ ကော်မတီအားလုံး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အကြောင်းအရာ။ ။ မိမိတို့ ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၌ ဖြစ်ပေါ်နေသော တောင်သူလယ်သမားများ မြေယာသိမ်းဆည်းခံရသည့်ကိစ္စအပါအ၀င် ရင်ဆိုင်နေရသည့် အခက်အခဲများအား မြို့နယ်တစ်ခုချင်းစီအလိုက် တင်ပြကြပါရန်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူလယ်သမားရေးရာကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး ဒေသအလျောက် တောင်သူလယ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနေကြရကြောင်း အစီရင်ခံစာအချို့အရ သိရှိရပါသည်။

သို့သော် အချို့မြို့နယ်များ၌ သက်ဆိုင်ရာဌာန/အဖွဲ့အစည်း/ကုမ္ပဏီ စသည်တို့၏ တုံ့ပြန်ဆောင်ရွက်မှုများမှာ အားရဖွယ် တိုးတက်မှုမရှိသလောက် ဖြစ်နေသဖြင့် တောင်သူ လယ်သမားရေးရာကော်မတီ(ဗဟို)အနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ယူဆပါသည်။

တောင်သူလယ်သမားရေးရာကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျှက်ရှိရာ တောင်သူ လယ်သမားများ ရင်ဆိုင်နေရသော ဥပဒေနှင့်မညီညွတ်သည့်ဆောင်ရွက်ချက်များနှင့် ပတ်သတ်၍ ကူညီပေးနေသော်လည်း

အားရဖွယ်အကျိုးသက်ရောက်မှုမရှိသော မြို့နယ်တစ်ခုချင်းစီအနေဖြင့် သက်ဆိုင်ရာ ခရိုင်/တိုင်းဒေသကြီး/ ပြည်နယ်တောင်သူလယ်
သမားရေးရာကော်မတီများနှင့် ညှိနှိုင်း၍ ဤကော်မတီအနေဖြင့် ကွင်းဆင်းဆောင်ရွက်နိုင်ရေး တင်ပြကြရန် ညွှန်ကြားပါသည်။

ဦးညီပု
ဥက္ကဋ္ဌ
တောင်သူလယ်သမားရေးရာကော်မတီ

Nld Central

0 comments:

Post a Comment