8.2.14

တရုတ်မှ ကမ္ဘောဒီးယားသို့ စစ်သုံးယာဉ်များနှင့် စစ်ဝတ်စုံများ ထောက်ပံ့


တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA)သည် ကမ္ဘောဒီးယား စစ်ဘက်အား ကူညီထောက်ပံ့သည့် အနေဖြင့် စစ်သုံးကုန် တင်ယာဉ် ၂၆ စီးနှင့် စစ်ဝတ်စုံ ၃ဝ,ဝဝဝ ခန့်အား ဖေဖော်ဝါရီ ၇ ရက်တွင် ပေးပို့ခဲ့ကြောင်း ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံအမတ် Bu Jianguo က ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ဆင်ခြေဖုံးရှိ အမှတ်(၉၉) သယ်ယူပို့ဆောင်ရေး တပ်ရင်း၌ ကျင်းပခဲ့ပြီး ၎င်းအခမ်းအနားတွင် Bu Jianguo က ၄င်းထောက်ပံ့မှုသည် ကမ္ဘောဒီးယား စစ်ဘက်၏ အခက်အခဲများကို အဆင်ပြေစေရန် ကူညီခြင်း ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံစစ်ဘက်နှင့် ပြည်သူများအကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး Moeung Samphan ကလည်း ၄င်းအနေဖြင့် ကမ္ဘောဒီးယား နိုင်ငံသို့ တရုတ်အစိုးရနှင့် PLA တို့၏ စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှုများ အတွက် အထူးပင် ကျေးဇူးတင် ရှိကြောင်း၊ နှစ်နိုင်ငံအကြား စည်းလုံးညီညွတ်မှုနှင့် ပိုမိုနီးကပ်သော မိတ်ဖက်ဆက်ဆံရေးကို ဖြစ်ပေါ်စေမည် ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအား ကူညီရန် တရုတ်နိုင်ငံ၏ စစ်မှန်သော လုပ်ဆောင်မှုသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(ဆင်ဟွာ)

0 comments:

Post a Comment