8.2.14

ကိုပါဒီရေးဖလား ဗိုလ်လုပွဲစဉ်သို့ ရီးယဲလ်အသင်း တက်ရောက်ရန် နီးစပ်



ရီးယဲလ်မက်ဒရစ်အသင်းသည် ဖေဖော်ဝါရီ ၅ ရက်က ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သော ကိုပါဒီရေး ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် မြို့ခံပြိုင်ဘက် အသင်း ဖြစ်သည့် အက်သလက်တီကို အသင်းအား ၃ဂိုး-ဂိုးမရှိဖြင့် အနိုင် ကစားခဲ့ပြီးနောက် စပိန် ဖလား ဗိုလ်လုပွဲစဉ်သို့ တက်ရောက်ရန် နီးစပ်သွားပြီ ဖြစ်ကြောင်း သိရသည်။အဆိုပါ ပွဲတွင် ရီးယဲလ်အသင်းသည် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၇ မိနစ်တွင် အက်သလက်တီကို အသင်းမှ ကစားသမား အင်ဆာအာ၏ ကိုယ့်ဂိုး ကိုယ်ပြန် သွင်းခဲ့သည့် ဂိုးမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ဒုတိယဂိုးကို ပွဲကစားချိန် ၅၇ မိနစ်တွင် စပိန် တိုက်စစ်မှူး ရိုဒရီဂူးယက်ဇ်က သွင်းယူပေးခဲ့သည်။

ယင်းနောက် ပွဲကစားချိန် ၇၃ မိနစ်တွင် အသင်းအတွက် တတိယ အနိုင်ဂိုးကို အက်သလက်တီကို နောက်တန်း ကစားသမား မီရန်ဒါက ကိုယ့်ဂိုး ကိုယ်ပြန်သွင်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဂိုးများဖြင့် ရီးယဲလ် အသင်းသည် အိမ်ကွင်း၌ အောင်ပွဲခံ၍ ဗိုလ်လုပွဲစဉ်သို့ အလွယ်တကူ တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။

ရီးယဲလ် အသင်းသည် ၄င်းပွဲစဉ်တွင် ဂိုးမိုးဖြိုင်ဖြိုင် ရွာနိုင်ခဲ့သော်လည်း မြို့ခံပြိုင်ဘက် အသင်းမှ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

0 comments:

Post a Comment