7.8.13

Apple အပေါ် ပိတ်ပင်ထားသည်ကို ဗီတိုသုံးပယ်ချလိုက်သည့်အတွက် Samsung ရှယ်ယာများ ထိုးကျ

AT&T မှ ဖြန့်ချိသည့် Apple ၏ ထုတ်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုအား အိုဘားမားအစိုးရက ဗီတိုအာ ဏာသုံးပယ်ဖျက်ပြီး နှစ်ရက်အကြာတွင် Samsung Electric ၏ ရှယ်ယာများသည် အာရှကုန်သွယ်ရေး ဈေးကွက်တွင် ယခုတစ်ပတ် တနင်္လာနေ့က ထိုးကျသွားခဲ့သည်။


Samsung ၏ ရှယ်ယာတန်ဖိုးမှာ လွန်ခဲ့သောကြာသာပတေးနေ့တွင် အမေရိကန် ဒေါ်လာ ၁၆၉ ဒသမ ၃ ဘီလီယံခန့်ရှိခဲ့ရာမှ ယခုသီတင်းပတ် တနင်္လာနေ့တွင် ၁၆၈ ဒသမ ၅ ဘီလီယံခန့်သို့ ထိုးကျသွားခဲ့သည်။ ထို့ကြောင့် Samsung အနေဖြင့် နိုင်ငံခြားကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ခန့် လျော့ကျသွားခဲ့ရသည်။

AT&T မှ အမေရိကန်နိုင်ငံတွင် တင်ပို့ရောင်းချသည့် Apple ၏ စမတ်ဖုန်းနှင့် အခြားသောပစ္စည်းများအား နိုင်ငံတကာကုန်သွယ်ရေးကော်မရှင် (ITC) မှ ပိတ်ပင်ထားသည်ကိုဗီတိုအာဏာသုံးပယ်ချခဲ့ပြီးနောက်တွင် Samsung ၏ ရှယ်ယာဈေးနှုန်းများ ယခုကဲ့သို့ ထိုးကျသွားခဲ့ရခြင်းဖြစ်သည်

တောင်ကိုရီးယားနိုင်ငံအခြေစိုက် Samsung မှာ ဂလက်ဆီဖုန်းမော်ဒယ်များ ပြုလုပ်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တွင် အကြီးဆုံးဖြစ်သည်။ ထို့အပြင် Samsung အနေဖြင့် ၎င်း၏ အဓိက ပြိုင်ဘက်ဖြစ်သော Apple နှင့် မူပိုင်ခွင့်နှင့် ဉာဏဆိုင်ရာ မူပိုင်ခွင့်တို့အတွက် တရားဥပဒေကြောင်းအရ ရင်ဆိုင်နေရသည်။

လွန်ခဲ့သောဇွန်လအတွင်းက AT&T မှ အမေရိကန်နိုင်ငံတွင်းသို့ တင်သွင်းရောင်းချသည့် iPhone 4, iPhone 3GS နှင့် iPad 2 3G တို့အား ITC (International Trade Commission) မှ ပိတ်ပင်လိုက်သည်။

အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးကိုယ်စားလှယ် မိုက်ကယ်ဖရိုးမင်းက ၎င်း၏ဆုံးဖြတ်ချက်မှာ “လက်ရှိဖြစ် ပွားနေတဲ့ အငြင်းပွားမှုမှ မူပိုင်ခွင့်ပိုင်ရှင်ဟာ ပြဿနာဖြေရှင်းမှုအတွက် အခွင့်အရေးမရှိဘူးလို့ ဆိုလိုချင် တာမဟုတ်ပါဘူး။ သို့သော် မူပိုင်ခွင့်ပိုင်ရှင်အနေဖြင့် ၎င်း၏အခွင့်အရေးအား တရားရုံးတွင် ဆက်လက်ဖြေ ရှင်းသွားနိုင်သည်”ဟု ITC သို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

ဖရိုးမင်းအနေဖြင့် ၁၉၈၇ ခုနှစ်မှစတင်ကာ မည်သည့်သမ္မတမျှ အသုံးမပြုခဲ့သည့် ဗီတိုအာဏာအား သမ္မတ အိုဘားမား၏ လုပ်ပိုင်ခွင့်အာဏာအရ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

Samsung အနေဖြင့် မူပိုင်ခွင့်ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ကြောင့် Samsung ၏ ဂလက်ဆီ မိုဘိုင်း ဖုန်းများအား ပိတ်ပင်ရန်သင့်၊ မသင့်အား ယခုသီတင်းပတ်အတွင်းတွင် ကုန်သွယ်ရေးကော်မရှင်မှ ဆုံးဖြတ် သွားမည်ဖြစ်သည်။

ယင်းပိတ်ပင်မှုတွင် အကျုံးဝင်မည့် Samsung ၏ ထွက်ကုန်များမှာ Galaxy စမတ်ဖုန်း မော်ဒယ်အဟောင်း များနှင့် Tablet များလည်း ပါဝင်မည်ဖြစ်သည်။ ထို့ကြောင့်Galaxy S, Galaxy S II နှင့် Galaxy Tab 10.1 တို့အပြင် နောက်ဆုံးထုတ်ကုန်များဖြစ်သည် Galaxy SIII သို့မဟုတ် Galaxy S4 တို့လည်း ပါဝင် မည်ဖြစ်သည်။

Mizzima News

0 comments:

Post a Comment