7.8.13

ချောင်းသာကမ်းခြေမှ ဖိုးကုလားကျွန်းသို့ Cable Car ဆွဲရန် အစီအစဉ်ရှိ

ပြည်တွင်းဧည့်သည်များ ပိုမိုလည် ပတ်အပန်းဖြေနိုင်ရန်အတွက် ချောင်း သာကမ်းခြေမှ ဖိုးကုလားကျွန်းသို့ Cable Car (ခရီးသည်များ ကို တောင် ပေါ်မှ တောင်အောက်သို့ သယ်ဆောင် သည့် သံကြိုးဆွဲယာဉ်) ပြုလုပ်ရန် စဉ်းစားနေကြောင်း အဆိုပါကမ်းခြေ ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်ခိုင်က ပြော သည်။


သြဂုတ် ၁ ရက်နေ့က ချောင်းသာ ဟိုတယ်ဇုန်၏နှစ်ပတ်လည် အစည်း အဝေးအပြီးတွင်¤င်းက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ရန် အစိုးရအဖွဲ့ထံတင်ပြပြီး ဆောင်ရွက်ရ မည်ဟု ဆိုသည်။
”ကြိုးတံတားဆိုရင် ဈေးကြီးတယ်။ Cable Car ကတော့ ဒေါ်လာ လေး ငါးသန်းနဲ့ရတဲ့အတွက် ဇုန်က ဒီဟာကို စီစဉ်ပေးပြီးရင် ရင်းနှီးမြှုပ်နှံမယ့် သူကို ရှာရမယ်” ဟု ၄င်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ပါက ပြည်ပ ရင်းနှီးမြှုပ်နှံမည့်သူများ ပါဝင်မည်ဖြစ် သလို ဖုန်းမှဟိုတယ်လုပ်ငန်းရှင်များ၊ အခြားလုပ်ငန်းရှင်များ လည်းဆောင် ရွက် နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်တရုတ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း ၄င်းက ပြောသည်။
ချောင်းသာကမ်းခြေသည်ပြည်တွင်း ခရီးသွားများ အများဆုံးလာရောက် သည့် ကမ်းခြေတစ်ခုဖြစ်ပြီး လာသည့် ဧည့်သည်များ မပျင်းရန်အတွက် Speed Boat များ၊ ရေအောက်ကြည့်လို သူများအတွက် အစီအစဉ်များပြုလုပ် ထားကြောင်း၊ ဆက်လက်ပြီး အပန်း ဖြေစရာအသစ်များ ရရှိရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်း က ပြောသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ် ငန်းရှင်များအသင်း (ချောင်းသာဇုန်) ၏ နှစ်ပတ်လည်အစည်းအဝေးကို သြဂုတ် ၁ ရက်က ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်းရုံးတွင် ပြုလုပ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၆ ခုနှစ်အတွက် အလုပ်အမှုဆောင် သစ်များကို ရွေးချယ်ခဲ့သည်။

MZW
Popular Journal

0 comments:

Post a Comment