7.8.13

ဟယ်လ်မီတန်နှင့်နစ်ကိုးလ်စုံတွဲ ပြန်အဆင်ပြေသည့် သတင်းများထွက်ပေါ်

မကြာသေးမီကမှ (၅)နှစ်ကြာ လက်တွဲမှုကို ရပ်ဆိုင်းလိုက်ပြီဟု ကြေညာ ခဲ့သည့် နာမည်ကျော် နှစ်ဦးသည် ယခုအခါ မိမိတို့ကြား ကွဲပြားမှုများ ကို ပြန်လည် ညှိနှိုင်းကာ အသစ်တစ်ဖန် စတင်ဖွယ် ရှိနေကြောင်း နီးစပ်သူများက ဆိုသည်။

နစ်ကိုးလ် ရှာဇင်ဂါ အနေဖြင့် ချစ်သူဟောင်း လူးဝစ် ဟယ်လ်မီ တန်နှင့် ပြန် လည် ပေါင်းစည်းဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာသည်။ မကြာသေးမီကမှ (၅)နှစ်ကြာ လက်တွဲမှုကို ရပ်ဆိုင်းလိုက်ပြီဟု ကြေညာ ခဲ့သည့်

နာမည်ကျော် နှစ်ဦးသည် ယခုအခါ မိမိတို့ကြား ကွဲပြားမှုများ ကို ပြန်လည် ညှိနှိုင်းကာ အသစ်တစ်ဖန် စတင်ဖွယ် ရှိနေကြောင်း နီးစပ်သူများက ဆိုသည်။ အမေရိကန် Popဂီတ အဆိုတော် နစ်ကိုးလ်၏ မိတ်ဆွေ အချို့က သူတို့ချင်း တွေ့ဆုံပြီး အခက်အခဲတွေကို ဖြေရှင်းဖို့ စီစဉ်နေပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ဘဝပုံစံတွေကို သူတို့ရဲ့ အချစ်ရေးနဲ့ ဆက်နွယ် အဆင်ပြေအောင် ပြောင်း လဲဖို့ စိတ်ကူးနေကြတယ်ဟု ပြောကြားခဲ့သည်။

ဗြိတိန် ဖော်မြူလာဝမ်း ကားမောင်းသမား လူးဝစ်သည် မကြာသေးမီက ကျင်းပပြီးစီးသော ဟန်ဂေရီ ဂရင်းပရီတွင် ဗိုလ်စွဲခဲ့ရာ မိမိ၏ အောင်ပွဲကို ဘဝတွင် အထူးခြားဆုံး သူတစ်ဦးအတွက် ရည်စူးကြောင်း ပြော ဆိုခဲ့သေးရာ ၎င်းအနေဖြင့် နစ်ကိုးလ်အပေါ် သံယောဇဉ် မကုန်သေးကြောင်း ထင်ရှားစေခဲ့သည်။ သူတို့နှစ်ယောက်ကြား ကိုယ့်အလုပ်နဲ့ကိုယ် တစ်နိုင်ငံစီ ရပ်တည်နေရတာက ခက်ခဲလွန်းပါတယ်။ ဖုန်းဆက်ရုံ၊ Text Message ပေးပို့ရုံ ဆိုတာထက် ပိုနီးစပ်ဖို့ မလွယ်ဘူးလေဟု လူးဝစ်၏ သူငယ်ချင်း တစ်ဦးက ဆိုသည်။ လတ်တလောတွင် နစ်ကိုးလ်သည် ဗြိတိန်တွင် X-Factor အစီအစဉ်အတွက် ပူးပေါင်းရန် ညှိနှိုင်းဆွေးနွေးလျှက် ရှိနေသည်။

ထိုအခြေအနေနှင့်အတူ လူးဝစ်နှင့်လည်း ဘဝသစ်တစ်ခု ပြန်လည် အစပြုလာဖွယ် ရှိနေကြောင်း သိရသည်။ နစ်ကိုးလ်နှင့် အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦးက နစ်ကိုးလ်ဟာ လူးဝစ်ရှိနေချိန်မှာ သူ့ဘ ဝ ပြည့်စုံတယ်လို့ ခံစားရသူပါ။ ပြီးခဲ့တဲ့ လမှာ သူဖြတ်သန်းရတာတွေက အဓိပ္ပါယ် ပြည့်ဝဖို့ မဖြစ်နိုင်လောက်အောင်ပဲလို့ ခံစားခဲ့ရတယ်။ ခုသူရောက်နေတဲ့ နေရာက လူးဝစ်ရဲ့ ဇာတိနိုင်ငံပါ။ အဲဒီနေရာမှာ နစ်ကိုးလ် အရမ်းကို အထီးကျန်နေတယ် ဆိုတာကတော့ မဖြစ်သင့်ဘူးလေ။ တကယ်တော့ လူးဝစ်ဟာ နစ်ကိုးလ် တစ်နေ့နေ့ လက်ထပ်ဖို့ မျှော်လင့်ထားတဲ့ အမျိုးသားပါဟု ထုတ်ဖော် ပြောဆို သွားခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment