7.8.13

မုန်တိုင်း MANGKHUT – 10W တုံကင်ပင်လယ်ကွေ့အတွင်းရောက်ရှိ

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း MANGKHUT(10W) သည် သြဂုတ်လ ၇ ရက် နေ့လည်ပိုင်းတွင် ရရှိသည့် အချက်အလက်များအရ ဟိုင်နန်ကျွန်း အနောက်တောင်ဘက်အနီးမှ ကပ်၍ တုံကင်ပင်လယ်ကွေ့အတွင်း ဝင်ရောက်ပြီးဖြစ်ပါသည်။


နောက်ဆုံးရရှိသည့် တည်နေရာမှာ ဗီယက်နန်နိုင်ငံ Ninn Binh ပြည်နယ်၊ Ninn Binh မြို့နှင့် Nam Dinh ပြည်နယ် Nam Dinh အရှေ့တောင်ဘက် မိုင် ၁၃ဝ ခန့်၊ ဟနွိုင်မြို့ အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့် အကွာ တုံကင်ပင်လယ်ကွေ့ ပင်လယ်ပြင်၌ တည်ရှိနေပြီး အနောက်မြောက်ဘက် (Heading 310˚ ဖြင့်)သို့ တစ်နာရီ ၁၈ မိုင်နှုန်းခန့် ဖြင့် ရွေ့လျားလျှက်ရှိပါသည်။(ပုံ-၁)
TS 10W MANGKHUT
07 Aug 2013 0600Z
Location: 18.9 107.4
Winds: 40 knots
Central Pressure: 993 hPa

MMweather Page

0 comments:

Post a Comment