7.8.13

Master of Science in Int’l Banking, Banking and Finance ဘာသာရပ်များကို စင်ကာပူနိုင်ငံတွင် တက်ရောက်နိုင်မည်

Bankingဘာသာရပ်များ သင်ကြားရာတွင် နာမည်ကြီးသည့် UKနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်များတွင် တစ်ကျောင်း အပါအဝင်ဖြစ်သော နာမည်ကြီးတက္ကသိုလ် London South Bank Universityမှ ပေးအပ်သော Master of Science in Int’l Banking, Banking and Finance မဟာဘွဲ့များကို မြန်မာနိုင်ငံမှ
မည်သည့် ဘွဲ့ရမဆို Auston Institute of Management, Singaporeတွင် (၁၂)လအတွင်း တက်ရောက်ရယူနိုင်ပြီး လာမည့်အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း OESC Education Centerမှသိရှိရပါသည်။

London South Bank Universityကို ၁၈၉၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Bankingဆိုင်ရာ ဘာသာရပ်များနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်များ သင်ကြားရာတွင် အလွန်နာမည်ကြီးသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ London Sunday Time University Guide 2013အရ Top (20) UK University for Graduate Starting Salariesဖြစ်သည့်အပြင် One of London’s Largest and Oldest Universityတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

Auston Institute of Management Singaporeတွင် သင်ကြားမည့် ဘာသာရပ်များကို UKနိုင်ငံ London South Bank Universityမှ သင်ရိုးညွန်းတမ်းများအတိုင်း သင်ကြား ပေးသည့်အပြင် UKနိုင်ငံ London South Bank Universityမှ ပါတဂူဘွဲ့ရ ဆရာ၊ ဆရာမများ ကိုယ်တိုင် လာရောက် သင်ကြားပေးလျက် ရှိပါသည်။ ဒါ့အပြင် Auston Institute of Managementသည် Singapore Council for Private Educationမှ အသိအမှတ်ပြု ပေးအပ်ထားသော Edu Trustလက်မှတ် (၄)နှစ်တို့ကို ရရှိထားသော ကျောင်းလည်း ဖြစ်ပါသည်။

Auston Institute of Management Singaporeတွင် တက်ရောက်နိုင်မည့် ဘာသာရပ်များမှာ Higher Diploma in Computers, Electronics and Communications, Business Management, Business Information Technologyတို့ဖြစ်ပြီး၊ B.Sc (Hons)အတွက် လျှောက်ထားနိုင်မည့် ဘာသာရပ်များမှာ Business Management (Top-Up), Business Information Technology (Top-Up)တို့ဖြစ်ပြီး Post-Graduateအတွက် Post-Graduate Diploma in International Business, Engineering Managementဘာသာရပ်များ ဖြစ်ပြီး၊ Master Degreeအတွက် M.Sc in International Banking and Finance, International Bankingဘာသာရပ်များကို UK၏ သင်ရိုးညွန်းတမ်းများအတိုင်း သင်ကြားပေးလျက်ရှိရာ မိမိရွေးချယ်မှုအလျောက် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

Early Bird Promotionအနေဖြင့် လာမည့် အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် ကျောင်းလျှောက်ထားသူများကို Application Fees S$ 214 ကင်းလွတ်ခွင့် ရရှိမည့်အပြင် ကျောင်းလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများကို OESC Education Centerမှ တစ်ဦးချင်း အသေးစိတ် အခမဲ့ ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၃ခုနှစ် အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားလိုသူများနှင့် အသေးစိတ် အချက်အလက်များ ဆွေးနွေးမေးမြန်း လိုသူများအနေဖြင့် Auston Institute of Management, Singapore၏မြန်မာနိုင်ငံ ကိုယ်စားလှယ်တစ်ဦးဖြစ်သော OESC Education Center -အမှတ် (၂၇၂) ဓနလှိုင်တာဝါ၊ အခန်း(၃၀၄)၊ (၃)လွှာ၊ ကမ္ဘောဇဘဏ်အပေါ်ထပ်၊ ပြည်လမ်း၊ မြေနီကုန်း၊ ဒဂုံစင်တာ (II)အနီး၊ စမ်းချောင်းမြို့နယ်၊ ဖုန်း-၀၉-၇၃၀၉၄၀၆၀နှင့် ၀၁-၅၁၉၀၉၂သို့ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

Myanmar ICT

0 comments:

Post a Comment