7.8.13

မန်းနင်း ကျခံရဖွယ်ရှိသည့် အမြင့်ဆုံးပြစ်ဒဏ် လျှော့ချပေးရန် သဘောတူ

အမေရိကန်၏ စစ်ရေးလျှို့ဝှက်ချက်များကို ပေါက်ကြားစေသူ ဘရက်ဒလေ မန်းနင်းအတွက်အမြင့်ဆုံး ပြစ်ဒဏ်ကို ထောင်ဒ ဏ် နှစ်(၉၀) သို့ လျှော့ချပေးရန် စစ်ဘက် တရားသူကြီး တစ်ဦးက သဘောတူညီလိုက်

အမေရိကန်၏ စစ်ရေးလျှို့ဝှက်ချက်များကို ပေါက်ကြားစေသူ ဘရက် ဒလေ မန်းနင်း

အတွက် အမြင့်ဆုံး ပြစ်ဒဏ်ကို ထောင်ဒဏ် နှစ်(၉၀) သို့ လျှော့ ချပေးရန် စစ်ဘက် တရားသူကြီး တစ်ဦးက သဘော တူညီလိုက်သည်။ မန်းနင်းသည် ထောက်လှမ်းရေး အချက်အလက် များကို ဖော်ထုတ်သည့် Wikileaks ဝက်ဘ်ဆိုက်နှင့် ဆက်သွယ်ပြီး စစ်သတင်းများကို လူသိရှင်ကြား ပေါ်ထွက်လာစေသူလည်း ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ တပ်သားမန်းနင်းသည် ရန်သူ့အားပေး ပြုမူခဲ့သည် ဆိုသော စွဲချက်အတွက် ကင်းလွတ်ခဲ့သော်လည်း အခြားစွဲချက် အခု(၂၀)မျှအတွက် ပြစ်မှုထင်ရှားကြောင်း စစ်ခုံရုံးက ဆုံးဖြတ်ထားသည်။

ယင်းပြစ်ဒဏ်များ အားလုံး၏ အမြင့်ဆုံး ပြစ်ဒဏ်သည် (၁၃၆)နှစ်မျှ ထောင် ဒဏ်ထိ ဖြစ်နိုင်သော်လည်း ယခုအခါ အမြင့်ဆုံး ထောင်ဒဏ် နှစ် (၉၀)ပြစ်ဒဏ်အဖြစ် တရားသူကြီးက လျှော့ပေါ့ပေးခဲ့သည်။ အမြင့်ဆုံးပြစ်ဒဏ် သတ်မှတ်ချက် ပြောင်းလဲလိုက်သော်လည်း မန်းနင်းအတွက် မည်သည့်ပြစ်ဒဏ်ကို ချမှတ်မည် ဆိုခြင်းကို အတည်ပြု ဆုံးဖြတ်မှု မရှိသေးချေ။

အင်္ဂါနေ့က တရားသူကြီးဖြစ်သူ ဗိုလ်မှူးကြီး ဒင်းနစ်လင်းက အမြင့်ဆုံးပြစ် ဒဏ် ဖြစ်နိုင်ခြေကို လျှော့ပေါ့ပေးရန် သဘောတူညီလိုက်သည်။ မန်းနင်း၏ အမှုအတွက် သက်သေများစွာ၏ ထွက်ဆိုချက်များကို ဆက်လက် ကြားနာဦးမည်ဖြစ်ရာ ပြစ်ဒဏ် အတည်ပြု ချမှတ်မှုသည် လပိုင်းမျှ ကြာမြင့်ဖွယ် ရှိနေဆဲ ဖြစ်သည်။ လတ်တလောတွင် မန်းနင်း ၏ ရှေ့နေ များသည် ကျန်ရှိနေသော စွဲချက်များအနက် အချို့ကို ဖယ်ထုတ် ပလပ်နိုင်ရန် အားထုတ်နေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment