7.8.13

တရုတ်နိုင်ငံမှ BMW ကားပေါင်း ၁၄ဝဝဝဝ ကျော် ပြန်လည် သိမ်းဆည်း

ဂျာမနီနိုင်ငံမှ ဇိမ်ခံ ကားထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် BMW နှင့် တရုတ်နိုင်ငံမှ Brilliance China ကား ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးတွဲ တည်ထောင် ထားသော BMW-Brilliance ကားထုတ်လုပ်ရေး လီမိတက်သည် တရုတ်နိုင်ငံ အတွင်းရှိ BMW ကားများတွင် စတီယာရင်၏ အားနည်းချက်ကို တွေ့ရှိခဲ့ပြီးနောက် ကားအစီးရေပေါင်း ၁၄ဝဝဝဝ ကျော်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း သိရသည်။


BMW-Brilliance ကားထုတ်လုပ်ရေး လီမိတက်မှ ၂ဝဝ၉ ခုနှစ် သြဂုတ် ၂၄ရက်နှင့် ၂ဝ၁၂ခုနှစ် သြဂုတ် ၃၁ရက်တို့တွင် ထုတ်လုပ် ခဲ့သော ၁၄၃နှင့် ၂၁၅အတွဲများကို စက်တင်ဘာ ၂၃ရက်တွင် ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ပြန်လည် သိမ်းဆည်းသော ကားများ၏ လျှပ်စစ်ပါဝါ စတီယာရင် စနစ်ရှိ လျှပ်စစ်စွမ်းအင် ပေး ပလပ်များကို အခမဲ့ပြန်လည် တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ BMW-Brilliance ကား ထုတ်လုပ်ရေး လီမိတက်သည် ရှန်ယန်းမြို့တွင် အခြေစိုက်ပြီး ပေကျင်းမြို့တွင် ကုမ္ပဏီခွဲတစ်ခု ဖွင့်လှစ် ထားသည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment