7.8.13

နှစ်နိုင်ငံ သဘောထား ကွဲလွဲမှုအား ပူတင်နှင့် အိုဘားမား ဆွေးနွေးသွားမည်

အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် လာမည့် လတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုမြို့တွင် တွေ့ဆုံေ ဆွးနွေး သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနေးက သြဂုတ် ၅ ရက် တွင် ထုတ်ဖော် ပြောကြားချက် အရ သိရသည်။


အမေရိကန် အစိုးရသည် ရုရှား အစိုးရနှင့် ဆောင်ရွက် စရာရှိသည်များကို အကျယ်တဝင့် ဆွေးနွေး သွားမည်ဖြစ်ပြီးမကြာမီရက်အတွင်း ဆွေးနွေးပွဲနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဂျေးကာနေးက ပြောကြား ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအား ပြုလုပ်ရန် အတွက် ရုရှားအစိုးရက အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ၏ လျှို့ဝှက်သတင်း များအား ပေါက်ကြားစေခဲ့သူ ထောက်လှမ်းရေးသမားဟောင်း အက်ဒ်ဝပ်စနိုဒန်အား ရုရှားနိုင်ငံတွင် ခေတ္တခိုလှုံခွင့်ပေးရန် ခွင့်ပြုခဲ့ပြီးနောက် အမေရိကန်အစိုးရ ဘက်မှ တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံသည် အက်ဒ်ဝပ်စနိုဒန်၏ ကိစ္စရပ်တွင် သာမက အခြား ကိစ္စရပ်များတွင်လည်း သဘောတူညီမှုမရှိပေ။

ရုရှားအစိုးရက စနိုဒန်အား ခေတ္တနိုင်ငံရေး ခိုလှုံခွင့် ပေးထားသည့်အပေါ် အမေရိကန် သဘောထား တင်းမာခဲ့ သည့်အပြင် ဆီးရီးယားအရေး ကိစ္စအပါအဝင် အခြား ကိစ္စများတွင်လည်း သဘောထား တင်းမာလျက် ရှိကြောင်း သဘောထား ကွဲလွဲမှုများနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံမှ အစိုးရအဖွဲ့နှစ်ဖွဲ့ အပြန်အလှန် ဆွေးနွေး သွားမည်ဖြစ်သည်။

မြ၀တီ

0 comments:

Post a Comment