7.8.13

ကမ္ဘောဒီးယား အတိုက်အခံပါတီ လူထုဆန္ဒပြပွဲကြီးလုပ်ရန် ပြင်ဆင်

ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ကျင်းပပြုလုပ် ခဲ့သော ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သော အတိုက်အခံများက ဆန္ဒပြပွဲကြီးများပြုလုပ် သွားမည်ဟု အတိအလင်းထုတ်ဖော် ကြေ ညာကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။


ဇူလိုင်လ ၂၈ ရက်နေ့ကကျင်းပခဲ့ သော ကမ္ဘောဒီးယားရွေးကောက်ပွဲသည် တိုင်းပြည်ကို ကာလကြာရှည်စွာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန် အနေနှင့် တစ်ဖန် ပြန်လည် အင်အားကောင်းလာသော အတိုက်အ ခံခေါင်းဆောင် ဆမ်မ်ရိန်စီနှင့် ညွန့်ပေါင်းဖွဲ့ ရမည့် အနေအထားမျိုးကို တွန်းပို့လျက် ရှိသလို ယင်းရွေးကောက်ပွဲရလဒ် ကြောင့် နိုင်ငံသားများ သည် အာဏာရှင်ဆန်ဆန် တင်းကျပ်စွာအုပ်ချုပ်သည့် ဟွန်ဆန်အပေါ် မကျေမနပ် ဖြစ်လျက်ရှိသည် ဟူသောအချက်ကို ဖော်ကျူးပြသလိုက် ရာ ရောက်ကြောင်း နိုင်ငံရေးလေ့လာဆန်းစစ် သူများက ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကို ပြန်ကြားရေး ဝန်ကြီး ခိုင်ကန်ဟာရစ်က ကြေ ညာရာတွင် (ဟွန်ဆန်၏)အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ၆၈ နေရာရရှိပြီး အတိုက်အခံ ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေး ပါတီ (CNRP) က ၅၅ နေရာရရှိကြောင်း ဖော်ပြသည်။

သို့တော် အတိုက်အခံ CNRP ပါတီ က ၄င်းတို့သည် ၆၃ နေရာရရှိပြီး CPP က ၆၀ နေရာသာ ရရှိသည်ဟု ထုတ်ဖော်ပြော ဆိုပြီး မဲဆန္ဒရှင် အမည်စာရင်း ၁ ဒသမ ၃ သန်းမှာ ပျောက်ဆုံးလျက် ရှိကာ ဟွန်ဆန် တို့ပါတီသည် မဲပုံးများတွင် တရားမဝင်မဲများ ထည့်ထားကြောင်း ထောက်ပြ သည်။

လတ်တလော အနေအထားတွင် ပါတီနှစ်ရပ်စလုံးက ၄င်းတို့အနိုင်ရရှိသည်ဟု အသီးသီး ကြေညာထားသည်။

သို့သော် တနင်္လာနေ့ နံနက်ပိုင်းတွင် CNRP ပါတီဥက္ကဋ္ဌနှင့် အတိုက်အခံခေါင်း ဆောင်ဟောင်း ဆမ်မ်ရိန်စီက မိမိကိုယ်မိမိ ဝန်ကြီးချုပ်အဖြစ် ကြေညာပြီး မြို့တော် ဖနွမ်ပင်တွင် လူထုဆန္ဒပြပွဲကြီးတစ်ရပ် ပြုလုပ်ရန် ဆော်သြသည်။

သို့အတွက်ကြောင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံရေး သည် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အနေအထားထဲသို့ ဝင်ရောက်လျက်ရှိပြီး အတိုက်အခံ တို့ဘက်က ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာနိုင်သည့် အခြေအနေတွင် ရှိသည်ဟု လေ့လာသူများက ထောက်ပြ ကြသည်။

ဝန်ကြီးချုပ်ဟွန်ဆန် ကမူ ၄င်းတို့ ပါတီအနေနှင့် မဲမသမာမှုများနှင့် ပတ်သက် ၍ ရွေးကောက်ပွဲ ကော်မရှင်နှင့်လည်း ကောင်း၊ အတိုက်အခံ တို့နှင့်လည်းကောင်း ဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

ရွေးကောက်ပွဲတွင် မျှတမှုများမရှိပါ က ကမ္ဘောဒီးယားနိုင်ငံအပေါ် ဘဏ္ဍာရေး ဖြတ်တောက်မှုများ ပြုလုပ်မည်ဟု အမေရိကန် ဥပဒေပြုအ မတ်များ၏ရွေးကောက်ပွဲ အကြို ခြိမ်းခြောက်မှု များနှင့်ပတ်သက်၍ ဟွန်ဆန် က "စကားတွေအများကြီးပြောမနေစမ်း ပါနဲ့ ဖြတ်တောက် ချင်တယ်ဆိုရင် ဖြတ် လိုက်ပါ" ဟု ပြောဆိုခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေ ကမ္ဘောဒီးယားရွေး ကောက်ပွဲရလဒ်ကိုကြည့်မည် ဆိုပါက ပြည်သူများ၊ အထူးသဖြင့် လူငယ်အများစု သည် ဟွန်ဆန်၏ ကာလကြာရှည်အုပ်ချုပ်ရေး စနစ်ကို ငြီးငွေ့လျက်ရှိပြီး အပြောင်းအလဲ ကိုလိုလားနေသည်မှာ ထင်ရှားကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment